လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများပြီးဆုံးရန်ကရင်လက်နက်ကိုင်များအလုပ်အကိုင်များတောင်းဆို

...

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများပြီးဆုံးရန်ကရင်လက်နက်ကိုင်များအလုပ်အကိုင်များတောင်းဆို

Myanmar Times, 07 Jul 2015

URL: http://www.mmtimes.com/index.php/national-news/15377-kayin-rebels-demand-jobs-to-end-fresh-clashes.html
အာရှလမ်းမကြီးတလျှောက်အပြန်အလှန်ပစ်ခတ်ဖြစ်ပွားမှုကိုရပ်တန့်ရန်အတွက်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်ဒီမိုကရေစီအကျိုး
ပြုကရင့်တပ်မတော်မှတာဝန်ရှိသူများသည်ကရင်ပြည်နယ်၏မြို့တော်ဖြစ်သောဘားအံမြို့တွင်အစိုးရကိုယ်စားလှယ်များနှင့်ယနေ့
တွေ့ဆုံမည်ဖြစ်သည်။

ထိုင်းနိုင်ငံနယ်စပ်ရှိမြဝတီနှင့်ကော့ကရိတ်အကြားရှိအာရှလမ်းမကြီးကိုဖြစ်သန်းရာတွင်စစ်သားများမှတရားမဝင်ငွေကြေးကောက်
ခံခြင်းကိုဖယ်ရှားပေးရန်အစိုးရမှတောင်းဆိုခြင်းကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှပယ်ချခဲ့ပြီးနောက်ဇူလိုင်လ(၂)ရက်နေ့တွင်
DKBAနှင့်အစိုးရတို့အတွင်းတိုက်ပွဲများဖြစ်ပွားခဲ့သည်။ယမန်နေ့ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်းDKBAအရာရှိများကထုတ်
ဖော်ပြောဆိုခဲ့သည်။

DKBAမှဗိုလ်မှူးစောမောင်လေးကခရီးသည်များထံမှအလွတ်သဘောအခွန်ကောက်ခံခြင်းသည်အဖွဲ့လှုပ်ရှားမှုများတွင်ရန်ပုံငွေရရှိရန်
အတွက်ကျွန်တော်တို့လုပ်ဆောင်ရမည့်အလုပ်ပင်ဖြစ်ကြောင်းပြောခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းကိုဖြေရှင်းချင်ပါကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအားအခြားရွေးချယ်စရာနည်းလမ်းများဖြင့်ဝင်ငွေရ
ရှိစေရန်အတွက်စီးပွားရေးအခွင့်အလမ်းများတိုးတက်စေဖို့DKBA မှအစိုးရထံတောင်းဆိုရလိမ့်မည်ဖြစ်ကြောင်းသူကအကြံပေးခဲ့
သည်။

“အသက်မွေးဝမ်းစာဝင်ငွေရှာတာနဲ့ပက်သက်လို့ကျွန်တော်တို့စစ်သားတွေဘာစိုးရိမ်ပူပန်မှုမှမရှိရအောင်ညှိနှိုင်းအပေးအယူလုပ်
သင့်ပါတယ်”ဟုသူကဆိုသည်။

“ကျွန်တော်တို့အခြားနည်းလမ်းတွေနဲ့ဝမ်းစာရှာဖွေခဲ့တယ်ဆိုရင်ကျွန်တော်တို့ခုလိုကောက်ခံမှာမဟုတ်ပါဘူးဟုသူကခရီးသွားများ
ထံမှငွေကြေးကောက်ခံခြင်းအကြောင်းကိုထပ်ပေါင်းပြောကြားခဲ့သည်။အစိုးရကတစ်ခုခုစီမံပေးသင့်ပါတယ်။”

ဗိုလ်မှူးစောမောင်လေး၏ပြောကြားချက်အရယမန်နေ့၌တိုက်ပွဲနှစ်နေရာခွဲကာဖြစ်ပွားခဲ့ကြောင်း၊အာရှလမ်းမကြီးတစ်လျှောက်ရှိ
နွယ်ဝေးနှင့်ကော့ကရိတ်နှင့်မြဝတီအကြားရှိလမ်းဟောင်းတို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

“တိုက်ပွဲကမနက်၉နာရီမှာစပါတယ်။ကျွန်တော်တို့ကြည့်ရှု့လေ့လာချက်အရတိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်းမှာအစိုးရဘက်ကစစ်
တပ်အမြောက်သုံးခဲ့ပါတယ်”ဟုသူကပြောခဲ့သည်။

ဇူလိုင်လ(၂)ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားပြီးနောက်DKBAမှဒဏ်ရာရစစ်သားများကိုဆေးရုံသို့ကူညီပို့ဆောင်ပေးသည့်မြဝတီဆက်
ဆံရေးရုံးမှဝန်ထမ်းအဖွဲ့ဝင်တစ်ဦးကိုဒေသခံရဲမှထိုနေ့တွင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ဝန်ထမ်းကိုလွှတ်မပေးသေးဟုဗိုလ်မှူး
စောမောင်လေး၏ပြောကြားချက်အရသိရှိရသည်။

အတိုချုပ်ဆိုရသော်၁၉၉၄ခုနှစ်တွင်DKBAသည်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှခွဲထွက်ခဲ့ပြီးအစိုးရနှင့်အတူအ
ပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့သည်။သို့သော်လည်း၂၀၁၀ခုနှစ်အထွေထွေရွေးကောက်ပွဲပြီးနောက်အစိုးရနှင့်DKBAတပ်
များအတွင်းပြင်းထန်သောတိုက်ပွဲများဖြစ်ပွားလာခဲ့သောအခါအပစ်အခတ်ရပ်စဲရေးစာချုပ်သည်ပျက်ပြယ်သွားခဲ့သည်။

၂၀၁၁ခုနှစ်၊နိုဝင်ဘာလ(၃)ရက်နေ့တွင်DKBAတာဝန်ရှိသူများသည်အစိုးရနှင့်အတူအပစ်အခတ်ရပ်စဲရေးစာ ချုပ်အသစ်တွင်
လက်မှတ်ရေးထိုးခဲ့သည်။ဒုတိယအကြိမ်အပစ်အခတ်ရပ်စာချုပ်လုပ်ခဲ့သော်လည်းကရင်ပြည်နယ်တွင် DKBAလက်နက်ကိုင်အဖွဲ့
နှင့်အစိုးရတို့အတွင်းရံဖန်ရံခါတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။