နိုင်ငံရေးအချီချဆွေးနွေးပွဲများအတွက်မူကြမ်းဘောင်ပြီးစီးလုနီးပါးဖြစ်

...

နိုင်ငံရေးအချီချဆွေးနွေးပွဲများအတွက်မူကြမ်းဘောင်ပြီးစီးလုနီးပါးဖြစ်

Burma News International, 17 Jul 2015

URL: http://www.bnionline.net/news/shan-state/item/616-draft-framework-for-political-dialogue-almost-complete.html
ဇူလိုင်လ၁၀ရက်နေ့တွင်ပြီးဆုံးခဲ့သည့်ရန်ကုန်ရှိမူကြမ်းဘောင်(FPD)ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုမှလာသောအစီရင်ခံစာများအရနိုင်ငံ
ရေးဆွေးနွေးပွဲများမူကြမ်းဘောင်(FPD)သည်ယခုအခါပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်းသိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)နှင့်အစိုးရညှိနှိုင်းဆွေးနွေးရေးအသင်းသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်
စဲရေးစာချုပ်(NCA)ကိုလက်မှတ်ရေးထိုးပြီးသောအခါနိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးမှုအသေးစိတ်ရေးဆွဲထားသည့်အပြီးသပ်လုနီး
ပါးဖြစ်နေပြီဖြစ်သောနိုင်ငံရေးဆွေးနွေးမှုမူဘောင်ကိုရက်(၆၀)အတွင်းဆွေးနွေးသွားမည်ဖြစ်ပြီးနိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးပွဲများ
ကို(NCA)လက်မှတ်ရေးထိုးပြီးသည့်ရက်ပေါင်း(၉၀)အတွင်းစတင်ပြုလုပ်သွားမည်ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးမှုများပြုလုပ်ရာ၌ပါဝင်သူများကို(NCA)နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွင်ဆုံးဖြတ်ခဲ့သည်များနှင့်ဆွေး
နွေးခဲ့သည့်အချက်များကိုထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့်မြို့ပြလူမှုအဖွဲ့အစည်းများ(CSOs)မှရေးဆွဲထားသည့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်(FPD)သည်နိုင်ငံရေးဆိုင်ရာ
အချီချဆွေးနွေးပွဲများတွင်၎င်းတို့မှထည့်သွင်းသင့်သည်ဟုယုံကြည်သည့်အရာများကိုရေးဆွဲထားသည့်၎င်းတို့၏စာရင်းဖြစ်သည်။အဖွဲ့
အစည်းအမျိုးမျိုးမှ၎င်းတို့၏ကိုယ်ပိုင်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်(FPD)ကိုပါဝင်ရေးဆွဲခဲ့ပြီးမေလ(၁၆)ရက်မှဇူလိုင်လ(၁၀)ရက်အ
တွင်းကျင်းပခဲ့သည့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်(FPD)ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုတွင်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်(FPD)အပြီးသတ်
မူကြမ်း၌မည်သည့်အချက်များထည့်သွင်းသင့်သည်ကိုဆွေးနွေးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)နှင့်အစိုးရတို့၏သက်ဆိုင်ရာကိုယ်စားလှယ်အသီးသီးမှ၎င်းတို့၏နိုင်ငံရေးဆွေး
နွေးပွဲမူဘောင်ဆွေးနွေးမှုများ၌နိုင်ငံရေးဆွေးနွေးပွဲမူဘောင်မူကြမ်း(FPD)တွင်ပါဝင်သည့်အချက်များကိုဆွေးနွေးမည်ဖြစ်ပြီး(NCA)
နိုင်ငံရေးဆွေးနွေးပွဲများတွင်၎င်းတို့အထဲမှမည်သည့်အချက်များပါဝင်သည်ဆိုသည်ဆိုသည်ကိုအဆုံးအဖြတ်ပေးမည်ဖြစ်သည်။

အဖွဲ့များအားလုံးအားကိုယ်ပိုင်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်(FPD)ဖန်တီးရေးဆွဲရန်အကြံဉာဏ်ပေးခဲ့သူပညာရှင်တစ်ဦးဖြစ်သူ Hannes
Siebert မှ(NCA)မူကြမ်းနဲ့တခြားစီပါပဲ။ဒါဟာစာချုပ်အတွက်အသုံးပြုမယ့်အရာတစ်ခုမဟုတ်ပါဘူး။အမှန်တော့ဒါဟာနောက်ထပ်ညှိ
နှိုင်းဆွေးနွေးမှုတွေအတွက်ပါဟုပြောခဲ့သည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်း(NCCT)၊အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)နှင့်မဟာမိတ်ပါတီ ၅၆ ပါတီစသည်တို့မှ
နည်းပညာရှင်အဖွဲ့များ၊နှင့်ကရင်အမျိုးသားအစည်းအရုံး(KNU), ၊ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ဒီမိုကရေစီ
အကျိုးပြုကရင့်တပ်မတော်(DKBA)၊ကရင်ငြိမ်းချမ်းရေးကောင်စီ(KPC)၊မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)၊ယူရိုဘားမားရုံး(EBO)နှင့်
ငြိမ်းချမ်းရေးနှင့်အချီချဆွေးနွေးရေးအတွက်ပြည်ထောင်စုအင်စတီကျု့စသည်တို့မှကိုယ်စားလှယ်များသည်နှစ်လနီးပါးကြာသည့်ညှိ
နှိုင်းဆွေးနွေးပွဲတွင်တက်ရောက်ပါဝင်ခဲ့သည်။

ယခုတစ်ပတ်တွင်ပူးပေါင်းပါဝင်သည့်ပါတီများမှတစ်ကြိမ်တစ်ခါလောက်ပြန်လည်သုံးသပ်ရန်အတွက်အပြီးသတ်မူကြမ်းကိုအဆင့်
သင့်ဖြစ်ရန်မျှော်မှန်းခဲ့ကြသည်။“သြဂုတ်လပထမအပတ်မှာ(NCA)ကိုလက်မှတ်ရေးထိုးဖို့မျှော်မှန်းထားသလိုရွေးကောက်ပွဲမဲဆွယ်
စည်းရုံးခြင်းကိုစက်တင်ဘာ၈ရက်နေ့စတင်ဖို့မျှော်လင့်ပြီး(FPD)မူကြမ်းကိုဆွေးနွေးညှိနှိုင်းအတည်ပြုဖို့သုံးပတ်လောက်အချိန်ရမှာ
ပါ”ဟုတက်ရောက်သူမှပြောကြားခဲ့သည်။

(FPD)ညှိနှိုင်းတိုင်ပင်ဆွေးနွေးရာ၌အောက်ပါခေါင်းစဉ်များကိုဆွေးနွေးခဲ့သည်…
၁။နိဒါန်း။
၂။ရည်မှန်းချက်နှင့်ရည်ရွယ်ချက်များ။
၃။အခြေခံသဘောတရားများ။
၄။လုပ်န်းစဉ်များနှင့်ကိစ္စရပ်များ။
၅။ အဆင့်များလမ်းပြမြေပုံ။
၆။ လုပ်ပိုင်ခွင့်များနှင့်တာဝန်ယူဆောင်ရွက်မှုလုပ်ငန်းစဉ်များ။
၇။အများသဘောတူဆုံးဖြတ်ချက်ချသည့်နည်းများနှင့်လုပ်ထုံးလုပ်နည်းများ။
၈။ပူးပေါင်းပါဝင်မှုအတွက်ဖွဲ့စည်းမှုနှင့်အရည်အချင်းသတ်မှတ်ချက်များ။
၉။ဖွဲ့စည်းတည်ဆောက်ပုံ၊လုပ်ထုံးလုပ်နည်းများနှင့်နည်းလမ်းများ။
၁၀။ဖွဲ့စည်းတည်ဆောက်ပုံပံ့ပိုးပေးခြင်း၊ဗဟုသုတ၊နည်းပညာနောက်ခံအကြောင်းအရာစာရွက်စာတမ်းများ၊သုတေသန၊အကျဉ်း
အကျပ်အခြေအနေများကိုချိုးဖောက်ဖြတ်ကျော်ခြင်းစသည်တို့ကိုဝေမျှပေးခြင်း။
၁၁။အစည်းအဝေးအစီအစဉ်နှင့်လုပ်ငန်းစဉ်များ။
၁၂။လူထုပူးပေါင်းပါဝင်ခြင်းနှင့်ဒေသတွင်းအချီချဆွေးနွေးခြင်းနှင့်ညှိနှိုင်းတိုင်ပင်ခြင်းများ။
၁၃။ဆက်သွယ်ရေး--ပြည်တွင်း၊ပြည်ပနှင့်လူထု။
၁၄။လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။