ရှယ်ဖီးယူနိုက်တက်အသင်းမှယခင်ကဒုက္ခသည်တစ်ဦးဖြစ်သူအားအသင်းတွင်ပထမဆုံးအကြိမ်စာချုပ်ချုပ်ဆို

...

ရှယ်ဖီးယူနိုက်တက်အသင်းမှယခင်ကဒုက္ခသည်တစ်ဦးဖြစ်သူအားအသင်းတွင်ပထမဆုံးအကြိမ်စာချုပ်ချုပ်ဆို

The guardian, 21 Jul 2015

URL: http://www.theguardian.com/football/2015/jul/21/sheffield-united-former-thai-refugee-kler-heh-first-professional-contract
ရှယ်ဖီးယူနိုက်တက်သည်ယခင်ကဒုက္ခသည်တစ်ဦးဖြစ်သူအသက်(၁၈)နှစ်အရွယ်ကလယ်အားအသင်းအတွက်တတိယအကြိမ်မြောက်
စစ်ဆေးပြီးနောက်အသင်းမှသူ့အားကျွမ်းကျင်စာချုပ်ချုပ်ဆိုလိုက်သည်။

သူနှင့်သူ၏မိသားစုသည်မြန်မာနိုင်ငံ၌ဖိနှိပ်ချုပ်ချယ်မှုများကိုရင်ဆိုင်ခဲ့ရသည့်လူနည်းစုအုပ်စုဖြစ်သောကရင်တိုင်းရင်းသားမိသားစုမှ
ဖြစ်ပြီးအုန်းပြန့်မိုင်ဒုက္ခသည်စခန်းတွင်မွေးဖွားခဲ့သည်။သြစတြေးလျနိုင်ငံသို့ပြောင်းရွှေ့အခြေချရန်၎င်းတို့မှကြိုးပမ်းခဲ့သော်လည်းမ
အောင်မမြင်ဖြစ်ခဲ့ပြီးဒုက္ခသည်ဝန်းကျင်တွင်စိတ်ဓာတ်ကျမှုများမှဘယ်သောအခါမှလွတ်မြောက်ရန်ရေစက်မရှိဟုထင်ခဲ့သည်။
“အပြင်ကိုတကယ့်ကိုထွက်လို့မရနိုင်ပါဘူး၊ထိုင်းနိုင်ငံထဲကိုသွားဖို့ဘယ်သူမှနိုင်ငံကူးလက်မှတ်မရှိပါဘူး၊အပြင်သာမန်လူသားတွေလို
အပြင်ကိုထွက်ဖို့မဖြစ်နိုင်ပါဘူး”ဟုကလယ်ကရှင်းပြခဲ့သည်။

သို့သော်လည်း၂၀၀၆ခုနှစ်၌ကလယ်နှင့်မိသားစုဝင်(၅)ဦးအပါအဝင်အဖွဲ့အနည်းငယ်သည်ကုလသမဂ္ဂအကာအကွယ်ပေးရေးအစီအ
စဉ်တစိတ်အပိုင်းအနေဖြင့်ရှယ်ဖီးမြို့သို့အခြေချခဲ့သည်။

ဘာသာစကားအခက်အခဲများကြောင့်ကလယ်သည်ဘောလုံးအသင်းတွင်တဖန်ခိုလှုံခဲ့ပြီးကျောင်းအသင်းနှင့်တနင်္ဂနွေအားကစားက
လပ်အသင်းတွင်ကစားခဲ့သည်။၎င်း၏သူငယ်ချင်းများမှကလယယ်အားအင်္ဂလန်မှနိုင်ငံတကာကစားသမားတစ်ယောက်ဖြစ်ပြီးအား
လုံးနှစ်ခြိုက်သဘောကျသူတစ်ဦးဖြစ်လာသည့် Kyle Walker ကိုကူညီပေးခဲ့သော Football Unites Racism Divides အဖွဲ့အကြောင်း
ကိုပြောပြခဲ့သည်။

ကလယ်ရောက်မလာမီအသင်းမှထွက်ခွာသွားခဲ့သည့် Walker စတင်ဝင်ရောက်ကစားခဲ့သောရှယ်ဖီး(Sheffield United)အသင်းတွင်
ကလယ်မှနှစ်ကြိမ်တိုင်စစ်ဆေးခံပြီးနောက်တတိယအကြိမ်မြောက်စစ်ဆေးမှုအပြီးနောက်ဆုံးတွင်ကလပ်အသင်းမှကလယ်အားခေါ်
ယူခဲ့ပြီးနည်းပြများ၏သဘောကျခြင်းကိုရရှိခဲ့သည်။

“ကျွန်တော်တနေ့နေ့တချိန်ချိန်ကျရင်ပရီးမီးယားလိဒ်မှာကစားချင်ပါတယ်၊ဒါပေမယ့်လက်ရှိမှာကျွန်တော့်ရည်မှန်းချက်ကကျွန်တော့်
မန်နေဂျာ Nigel Adkins နဲ့အသက်(၂၁နှစ်အောက်တွေရဲ့နည်းပြ)ဖြစ်တဲ့Chris Morganတို့ကိုအားကျအတုယူဖို့ပါပဲ၊ရှယ်ဖီးယူနိုက်တက်
Sheffield United ကကျွန်တော့်အပေါ်ယုံကြည်ကိုးစားမှုအားပြန်လည်ပေးဆပ်တဲ့အနေနဲ့အကောင်းဆုံးကြိုးစားပါမယ်”ဟုသူက
Reutersသို့ပြောခဲ့သည်။
“ကျွန်တော်ကရည်မှန်းချက်ကြီးတဲ့ကစားသမားတစ်ယောက်ပါ။တနေ့ကျရင်နိုင်ငံတကာအဆင့်အရမြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်၊ထိုင်းနိုင်
ငံမှာပဲဖြစ်ဖြစ်အသင်းရဲ့ကပ္ပတိန်တစ်ဦးဖြစ်ဖို့နှစ်သက်ပါတယ်။ကျွန်တော်အရွယ်ရောက်တဲ့အခါကျဖြစ်နိုင်မယ်ဆိုရင်ပရီးမီးယားလိဒ်
နဲ့ချန်ပီယံလိဒ်တွေမှာအမြင့်ဆုံးအဆင့်ကနေရာကနေကစားချင်ပါတယ်။”

ယခုနှစ်တွင်ကလယ်သည်ယူနိုက်တက်အသင်း၏ဆယ့်ရှစ်နှစ်အောက်အသင်းတွင်ကျွမ်းကျင်သည့်ညာတောင်ပံကစားသမားတစ်ဦး
အဖြစ်ကစားမည်ဖြစ်ပြီး၊ ပြီးခဲ့သည့်ရာသီ၌လိဒ်ဖလားဆီမီးဖိုင်နယ်ပွဲတွင်ချန်ပီယံဖြစ်ရန်ကပ်လွဲသွားသည့်ဒုတိယနေရာဖြင့်သာရရှိခဲ့
သော(Blades)အသင်းတွင်ကစားရန်အသင်းတွင်ဦးဆုံးအကြိမ်အခွင့်အရေးရခဲ့သည်။

“အသင်းရဲ့မှာနေရာရဖို့ကြိုးစားရမှာကသူ့အတွက်စိန်ခေါ်မှုတစ်ခုပါပဲဟုယူနိုက်တက်အသင်းမန်နေဂျာ Nick Coxကပြောခဲ့သည်။
ကလယ်ကဘာသာစကားအသစ်ကိုသင်ယူရတာ၊မရင်းနှီးတဲ့ယဉ်ကျေးမှုတွေနဲ့လိုက်လျောညီထွေရှိအောင်သင်ယူရတာတွေကိုတချိန်
တည်းမှာပဲလုပ်ခဲ့ပါတယ်။အသင်းမှာကျွမ်းကျင်မှုကစားသမားစာချုပ်ချုပ်ဆိုနိုင်ခြင်းဟာမယုံနိုင်လောက်တဲ့အောင်မြင်မှုပါပဲ။”

ယခုအခါကလယ်သည်ဗြိတိန်နိုင်ငံကူးလက်မှတ်ကိုကိုင်ဆောင်ထားပြီး၎င်း၏မွေးရပ်မြေဖြစ်သည့်လူပေါင်းတစ်သိန်းသုံးထောင်နီး
ပါးရှိသောဒုက္ခသည်စခန်းသို့မိသားစုနှင့်သူငယ်ချင်းများကိုတွေ့ဆုံရန်အတွက်၂၀၁၂ခုနှစ်တွင်ထိုင်းနိုင်ငံသို့ပြန်လည်သွားရောက်ခဲ့
သည်။

ပရီးမီးယားလိဒ်ကိုစွဲလန်းနှစ်ခြိုက်ကြသည့်သူ့၏မိသားစုအတွက်မျှော်လင့်ချက်များကိုသယ်ပိုးထားရတာသူ့အတွက်ပျော်ရွှင်မိကြောင်း
နှင့်အကျိုးအမြတ်ရှိသောလိဒ်တွင်ပထမဦးဆုံးအကြိမ်အဖြစ်၎င်းတို့၏ မိသားစုဝင်တစ်ယောက်ကစားသည်ကိုအသည်းအသန်တွေ့မြင်
ချင်ကြကြောင်းပြောခဲ့သည်။

“ကျွန်တော်ကမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာရှိကြတဲ့သူတိုင်းနဲ့ကျွန်တော့်သူငယ်ချင်း၊မိသားစု၊အာလုံးကိုယ်စားကျွန်တော်ကိုယ်စားပြုပါ
တယ်။ကျွန်တော်အပြုသဘောဆောင်တဲ့စံပြတစ်ယောက်နဲ့ဒုက္ခသည်စခန်းအပြင်ဘက်လောကမှာလည်းမျှော်လင့်ချက်ရှိတယ်ဆိုတဲ့
အကြောင်းအမှတ်သညာတစ်ခုဖြစ်ချင်ပါတယ်”ဟုကလယ်ကပြောခဲ့သည်။