UNHCR မှနေရပ်ရင်းသို့ပြန်ခြင်းအစီအစဉ်ကနဦးမူကြမ်းကိုတင်ပြ

...

UNHCR မှနေရပ်ရင်းသို့ပြန်ခြင်းအစီအစဉ်ကနဦးမူကြမ်းကိုတင်ပြ

Democratic Voice of Burma, 03 Aug 2015

URL: https://www.dvb.no/news/unhcr-presents-first-draft-of-repatriation-plan-burma-myanmar-refugees/55299
UN ဒုက္ခသည်အဖွဲ့အစည်းမှယခုတစ်ပတ်တွင်မူကြမ်းစီမံကိန်းကိုတင်ပြခဲ့ပြီးထိုင်းနိုင်ငံစခန်းများတွင်နေထိုင်ကြသည့်ဒုက္ခသည်တစ်သိန်းတစ်သောင်း၏
မိမိဆန္ဒအလျောက်နေရပ်ရင်းသို့ပြန်လည်အခြေချခြင်းကိုမည်သို့ဆက်လက်ဆောင်ရွက်သွားရန်အသေးစိတ်ကိုလည်းတင်ပြခဲ့သည်။စခန်းခေါင်းဆောင်
များမှတုံ့ပြန်မှုအမျိုးမျိုးကိုဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင်ယခုလောလောဆယ်မြန်မာနိုင်ငံမှဒုက္ခသည်တစ်သိန်းနှစ်သောင်းကျော်ရှိပြီးနယ်စပ်တစ်လျှောက်ရှိဒုက္ခသည်စခန်းများတွင်နေထိုင်လျက်
ရှိသည်။နှစ်ပေါင်းသုံးဆယ်ကျော်ဖွင့်လှစ်ထားခဲ့ပြီးလက်ရှိအရပ်သားအစိုးရအမည်ခံမြန်မာစစ်တပ်နှင့်ပတ်သက်၍ဒုက္ခသည်များစိုးရိမ်ပူပန်မှုများကျန်ရှိ
နေသေးသောကြောင့်နေရပ်ရင်းသို့ပြန်လည်အခြေချခြင်းနှင့်ပတ်သက်၍မကြာသေးမီကဆွေးနွေးမှုများသည်စခန်းများတလျှောက်တွင်တုန်လှုပ်မှုများ
ရိုက်ခတ်ခဲ့သည်။ဒုက္ခသည်အများစုလာသည့်ကရင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံ၏အမျိုးမျိုးသောအပိုင်းများတွင်တိုက်ပွဲများရှိနေဆဲဖြစ်သည်။

“မိမိဆန္ဒအလျောက်နေရပ်ရင်းသို့ပြန်လည်အခြေချခြင်းအတွက်လုပ်ငန်းဆောင်ရွက်မှုစီမံကိန်း”ဟုခေါင်းစဉ်တပ်ထားသည့်မူကြမ်းစာတမ်းကိုUNHCR
၏အဆင့်မြင့်တိုင်ပင်ညှိနှိုင်းရေးအရာရှိ Iain Hall မှတင်ပြခဲ့သည်။အင်္ဂါနေ့တွင်ကျင်းပပြုလုပ်သည့်အကြမ်းဖျင်းတံခါးပိတ်အစည်းအဝေးတွင်စခန်း(၇)ခု
မှခေါင်းဆောင်ပိုင်းအဖွဲ့ဝင်များအပါအဝင်သက်ဆိုင်ရာNGOsများတက်ရောက်ခဲ့ကြသည်။သုံးလတစ်ကြိမ်ကျင်းပပြီးဤအစည်းအဝေးသည်နယ်စပ်တ
လျှောက်ရှိဒုက္ခသည်အကြောင်းကိစ္စများနှင့်ပက်သက်၍စိုးရိမ်ပူပန်မှုများနှင့်လိုအပ်ချက်များကိုရင်ဖွင့်ပြောဆိုနိုင်ရန်အတွက်ပူးပေါင်းပါဝင်သည့်အဖွဲ့အ
စည်းအမျိုးမျိုးအတွက်ဖြစ်သည်။

ဤစီမံကိန်းသည်ယခုနှစ်အစောပိုင်းတွင်ထုတ်ပြန်ခဲ့သောမိမိဆန္ဒအလျောက်နေရပ်ရင်းသို့ပြန်လည်အခြေချနေထိုင်ခြင်းအတွက်မဟာဗျူဟာကျလမ်း
ပြမြေပုံမှအရင်းခံလာခြင်းဖြစ်သည်။၎င်းကိုဒုက္ခသည်များမိမိဆန္ဒအလျောက်နေရပ်သို့ပြန်လည်အခြေချခြင်းစည်းမျဉ်းစည်းကမ်းများဖြင့်ပိုမိုကျယ်ကျယ်
ပြန့်ပြန့်လုပ်ဆောင်မည်ဖြစ်ပြီးထိုအဆင့်များအလိုက်ရွေးချယ်လုပ်ဆောင်မည်ဖြစ်သည်။အင်္ဂါနေ့တွင်တင်ဆက်ခဲ့သည့်လုပ်ငန်းဆောင်ရွက်မှုစီမံကိန်း
သည်နေရပ်သို့ပြန်လည်အခြေချခြင်းကိုကူညီပံ့ပိုးပေးမည့်သယ်ယူပို့ဆောင်ရေးထောက်ပံ့မှု၊အကူအညီအထူးလိုအပ်သူများ(ကလေးသူငယ်၊သက်ကြီး
ရွယ်အို၊မသန်မစွမ်းဖြစ်သူများ)ကိုကူညီပေးခြင်းစသည်တို့ကဲ့သို့အချက်အလက်အသေးစိတ်များကိုပံ့ပိုးပေးခဲ့ပြီးဒုက္ခသည်များအကြားတွင်မိမိဆန္ဒအ
လျောက်ဖြစ်မှုကိုသေချာစေမည်ဖြစ်သည်။

နယ်စပ်စခန်း(၇)ခု၌စခန်းစီမံခန့်ခွဲမှုကိုကြီးကြပ်သည့်ကရင်ဒုက္ခသည်ကော်မတီ(KRC)၏ပူးတွဲအထွေထွေအတွင်းရေးမှူးဖြစ်သူနော်ဘလွန်းမင်းနိုက်ဇန်
မှKRCသည်လုပ်ငန်းဆောင်ရွက်မှုစီမံကိန်းနှင့်အတူUNHCRကိုကူညီရန်မရည်ရွယ်ကြောင်းအီးမေးလ်တွင်တိုတိုတုတ်တုတ်ပြောခဲ့သည်။ထိုစီမံကိန်း
ထဲတွင်KRC မပါဝင်ကြောင်း၊ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်းကိုသူမ၏အဓိကစိုးရိမ်ပူပန်မှုတစ်ခုအနေဖြင့်ပြောခဲ့သည်။

“ကျွန်တော်တို့စိုးရိမ်မှုအနည်းငယ်ရှိပါတယ်၊ဘာကြောင့်လဲဆိုတော့အစတုန်းကကျွန်တော်တို့မဟာဗျူဟာကျလမ်းပြမြေပုံအကြောင်းကိုပြောခဲ့ပါတယ်၊
အခုအခါမှာတော့ကျွန်တော်တို့လုပ်ငန်းဆောင်ရွက်မှုစီမံကိန်းဆီကိုရှေ့ဆက်သွားနေပါပြီဟုသူကပြောခဲ့သည်။ဒါပေမယ့်ကျွန်တော်တို့UNHCRကိုယုံ
ကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘယ်ကိုသွားနေတယ်၊ကျွန်တော်တို့အနာဂတ်မှာဘာရှိမယ်ဆိုတာကိုသိဖို့အရေးကြီးတယ်လို့ကျွန်
တော်ထင်ပါတယ်”ဟုKRC၏အတွင်းရေးမှူး(၁)ဘွဲ့စေးကပြေရာပြေကြောင်းပြောခဲ့သည်။

“ကျွန်တော်တို့နဲ့ဆိုင်တာကတော့ဒီလုပ်ငန်းဆောင်ရွက်မှုစီမံကိန်းမှာစခန်းစီမံခန့်ခွဲမှုနဲ့ပက်သက်ပြီးဘယ်လိုပါဝင်မယ်ဆိုတာပါပဲ”ဟုသူကထပ်ပေါင်း
ပြောခဲ့သည်။နေရပ်ရင်းသို့ပြန်လည်အခြေချနေထိုင်ခြင်းနှင့်ပတ်သက်သည့်KRC၏မူဝါဒမှာထိုစီမံကိန်းသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး
သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းနှင့်စစ်မှန်သောငြိမ်းချမ်းရေးရရှိသောအခါမှသာဖြစ်သင့်သည်ဟူ၍ဖြစ်သည်။

မဲ့ဟောင်ဆောင်ရှိကရင်နီစခန်းနှစ်ခုကိုကြီးကြပ်သည့်ကရင်နီဒုက္ခသည်ကော်မတီ(KNRC)၏အတွင်းရေးမှူး(၁)ဖြစ်သူလူးဇ်ကေးဖိုးမှစီမံကိန်းသည်များ
မကြာမီလာမည်ဟုသူထင်သော်လည်းသဘောတူခဲ့သည်။
“တချိန်ထဲမှာပဲထိုင်းနဲ့မြန်မာနှစ်ဘက်အစိုးရကစီမံကိန်းကိုနောက်ဆက်တွဲဆက်လက်လုပ်ဆောင်ကြတယ်။ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲပြီးတဲ့
နောက်တစုံတရာဖြစ်ပွားခဲ့မယ်ဆိုရင်ဒုက္ခသည်တွေကိုနေရပ်ပြန်ဖို့မီးစိမ်းပြလိုက်တာပါပဲ။UNHCRကအဲ့ဒါအပေါ်ဖမ်းဆုတ်ထားချင်တယ်”ဟုနိုဝင်ဘာ
(၈)ရက်နေ့အတွက်မြန်မာနိုင်ငံတော်မဲဆန္ဒအစီအစဉ်ကိုရည်ညွှန်းကာပြောခဲ့သည်။

“ကျွန်တော့်တို့အနေနဲ့ကတော့နည်းဗျူဟာနဲ့ပက်သက်ပြီးတကယ့်ကိုမသေချာသေးပါဘူး၊ဒါပေမယ့်သူတို့စီမံကိန်းကိုတင်ပြတဲ့အခါမှာကျွန်တော်တို့အ
တွက်အနည်းငယ်စိုးရိမ်ပူပန်မှုရှိနေပါတယ်ဟုသူကထပ်ပေါင်းပြောခဲ့သည်။သူတို့ဒုက္ခသည်တွေကိုတွန်းအားပေးမှာကျွန်တော်တို့မလိုလားပါဘူး။”

အင်္ဂါနေ့တွင်တင်ပြခဲ့သောUNHCR ၏အဆင့်မြင့်တိုင်ပင်ညှိနှိုင်းရေးအရာရှိ Hall မှဤစီမံကိန်းဖြစ်ပေါ်လာရသည့်အကြောင်းအရင်းမှာမကြာသေးမီ
လများကဒုက္ခသည်များမိမိဆန္ဒအလျောက်နေရပ်ရင်းသို့ပြန်ရန်ဆုံးဖြတ်ချက်ချခဲ့ပါကဘာတွေပြုလုပ်သင့်သလဲဆိုသည်နှင့်ပတ်သက်၍အထူးတလည်
မေးခွန်းများရှိလာခြင်းကြောင့်ဖြစ်ကြောင်းရှင်းပြခဲ့သည်။သူကအသေးစိတ်ပြောကြားရန်ငြင်းဆန်ခဲ့ပြီး၎င်းမူကြမ်းသည်ကနဦးမူကြမ်းသာဖြစ်ကြောင်း
ပြောခဲ့သည်။

“လွန်ခဲ့သည်နှစ်နှစ်၊သုံးနှစ်ကတည်းကကျွန်ုပ်တို့ပြောဆိုနေခဲ့ခြင်းဖြစ်ပြီးစီမံကိန်းကိုပြုလုပ်ဖို့အရမ်းကိုစောနေပါတယ်၊ဒါပေမယ့်လွန်ခဲ့တဲ့ခြောက်လ
ကလူတွေအပြောများများလာကြတယ်။ပြီးတော့ကျွန်တော်တို့ကိုသေသေချာချာတောင်းဆိုတာတွေရှိလာခဲ့တယ်၊ဒါကြောင့်ကျွန်တော်တို့ကစီမံကိန်း
ကိုစကြစို့လို့ပြောလိုက်ပါတယ်”ဟုသူကပြောခဲ့သည်။UNHCRအနေနဲ့မနေ့ကတည်းကရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ၊ဒါကဘာလဲဆိုတော့ဒုက္ခ
သည်တွေကဒီစီမံကိန်းနဲ့ပက်သက်ပြီးစိတ်လက်မချမ်းသာဘူးဆိုရင်ကျွန်တော်တို့ရပ်လိုက်မှာပါ။”

“ဒါဟာစီမံကိန်းမူကြမ်းတစ်ခုသာဖြစ်ပြီးနေရပ်ရင်းပြန်လည်အခြေချဖို့ဆဲဆဲဖြစ်နေပြီလို့မဆိုလိုပါဘူး”ဟုHallမှထပ်ပေါင်းပြောကြားခဲ့သည်။လာမည့်
ခြောက်လအတွင်းကျွန်တော်တို့စာရွက်စာတမ်းကိုအပြီးသတ်နိုင်မယ်ဆိုရင်တောင်နောက်ခြောက်လအတွင်းသူတို့နေရပ်ကိုမပြန်ပါဘူး”ဟုသူက
ပြောခဲ့သည်။

“ကျွန်တော်တို့မသိပါဘူး…ဒါဟာကျွန်တော်တို့အစီအစဉ်ပေါ်မှာမူမတည်ပါဘူး၊ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးပေါ်မှာပဲမူတည်ပါတယ်”ဟုHallကပြောခဲ့သည်။
“သို့သော်လည်းငြိမ်းချမ်းရေးရပြီးနိုင်ငံရေးအဖြေရှာမှုတွေလုပ်ပြီဆိုရင်ဒုက္ခသည်တွေကနေရပ်ပြန်ဖို့စတင်ဆုံးဖြတ်လာပြီဆိုရင်တော့ကျွန်တော်တို့အ
ဆင်သင့်ဖြစ်ဖို့လိုပါတယ်။”

စခန်းကိစ္စများနှင့်ပတ်သက်၍အဖွဲ့အစည်းအန်ဂျီအို(၁၉)ခုကျော်ပူးတွဲလုပ်ဆောင်သည့်အဖွဲ့အစည်းဖြစ်သောထိုင်းနိုင်ငံရှိနေရပ်စွန့်ခွာထွက်ပြေးလာ
သူများအတွက်ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ဥက္ကဌဖြစ်သူPatrick Kearnsမှစခန်းခေါင်းဆောင်များ၊ UNHCR နှင့် NGOsတို့အကြားအများသ
ဘောတူညီမှုမှာယခုအချိန်သည်အစုလိုက်အပြုံလိုက်နေရပ်ပြန်ရန်အတွက်စဉ်းစားရန်သင့်လျော်သည့်အချိန်မဟုတ်ကြောင်းပြောခဲ့သည်။စီမံကိန်း
စတင်ရန်အရေးကြီးပြီးနေရပ်ရင်းသို့ပြန်ရန်အတွက်ဒုက္ခသည်များမှ၎င်းတို့ကိုယ်ပိုင်နည်းလမ်းများဖြင့်ပြန်ရန်ရွေးချယ်သင့်သည်ဟုKearns မှယုံ
ကြည်ကြောင်းပြောခဲ့သည်။
“တသတ်မတ်ထဲမှာကြားချင်တာကတော့ဒီမူကြမ်းကိုအပြီးသတ်ဖို့ဘယ်သူမှာအလျင်မလိုပါဘူးဟုသူကပြောခဲ့သည်။ဒါပေမယ့်ဒုက္ခသည်တွေပြန်တဲ့
အခါဘာတွေလိုမယ်ဆိုတာကိုအခုကထဲကစကြည့်ဖို့အတွက်ဒီမေးခွန်းတွေကိုအခုအခါစတင်ရင်ဆိုင်ဖြေရှင်းဖို့လိုအပ်ပါတယ်”