ရွေးကောက်ပွဲမဲဆွယ်ရေးအတွက်ပြည်တွင်းရေဒီယိုနှင့်ရုပ်မြင်သံကြားတို့ကိုအသုံးပြုခွင့်ပေး

...

ရွေးကောက်ပွဲမဲဆွယ်ရေးအတွက်ပြည်တွင်းရေဒီယိုနှင့်ရုပ်မြင်သံကြားတို့ကိုအသုံးပြုခွင့်ပေး

News.Xinhuanet.com, 27 Aug 2015

URL: http://news.xinhuanet.com/english/2015-08/27/c_134562640.htm
ရွေးကောက်ပွဲမဲဆွယ်ခွင့်အတွက်ပြည်တွင်းမြန်မာ့ရေဒီယိုနဲ့ရုပ်မြင်သံကြား(MRTV)တွေကနေဟောပြောခွင့်ပေးမည်ဟုမြန်မာ့
ရွေးကောက်ပွဲကော်မရှင်ကကြာသာပတေးနေ့တွင်ကြေငြာခဲ့သည်။

မဲဆွယ်ဟောပြောခွင့်ကိုပြည်တွင်းရေဒီယိုနှင့်ရုပ်မြင်သံကြားတို့မှတဆင့်စက်တင်ဘာလ(၈)ရက်ကနေနိုဝင်ဘာလ(၆)ရက်နေ့
အထိနိုင်ငံရေးပါတီများကိုဟောပြောခွင့်ပေးသွားမည်ဖြစ်သည်။

ရေဒီယို၊ရုပ်မြင်သံကြားတို့မှတဆင့်ဟောပြောခြင်းကိုတစ်ပါတီလျှင်(၁၅)မိနစ်ကြာဟောပြောခွင့်ရမည်ဖြစ်ပြီးသတ်မှတ်ခွင့်ပြု
ပေးသည့်ရက်မတိုင်မီအနည်းဆုံး(၇)ရက်ကြိုတင်လျှောက်ထားရမည်ဖြစ်သည်။

ကော်မရှင်မှအထွေထွေရွေးကောက်ပွဲကိုတစ်နိုင်ငံလုံး၌စက်တင်ဘာလ(၈)ရက်နေ့တွင်စတင်ပြုလုပ်မည်ဖြစ်သည်။

ကော်မရှင်မှကြေငြာထားသောကိုယ်စားလှယ်လောင်းအကြိုစာရင်းအရနိုဝင်ဘာလရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်
စာရင်းသွင်းထားသည့်တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့်သူ(၃၂၃)ဦးအပါအဝင်ကိုယ်စားလှယ်လောင်းစုစုပေါင်း(၆၁၈၉)ဦး
ရှိသည်။

နိုင်ငံရေးပါတီ(၉၃)ပါတီမှကိုယ်စားလှယ်လောင်းစုစုပေါင်း(၅၈၆၆)ဦးကိုအဆိုပြုခဲ့သည်။

ကော်မရှင်မှဖော်ပြထားသောကိန်းဂဏန်းအရနိုင်ငံတလျှောက်လွှတ်တော်အဆင့်လေးဆင့်တွင်မဲပေးရန်အတွက်မဲဆန္ဒနယ်
(၁၁၇၁)ရှိပြီးအောက်လွှတ်တော်အတွက်မဲဆန္ဒနယ်(၃၃၀)ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။အထက်လွှတ်တော်အတွက်(၁၆၈)
နေရာ၊တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်အတွက်(၆၄၄)နေရာနှင့်နိုင်ငံ့တိုင်းရင်းသားအသီးသီးအတွက်(၂၉)နေရာဝင်
ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကော်မရှင်သည်နိုင်ငံရေးပါတီများ၏အကြိုကိုယ်စားလှယ်လောင်းစာရင်းကိုစေ့စေ့စပ်စပ်ကြည့်ရှု့စစ်ဆေးနေဆဲဖြစ်ပြီးရွေး
ကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းစာရင်းကိုသြဂုတ်လကုန်တွင်အပြီးသတ်မည်ဖြစ်သည်။