ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းထုတ်ပြန်
Mizzima, 15 Sep 2015
မြန်မာ့ရွေးကောက်ပွဲကော်မရှင်သည်လာမည့်ရွေးကောက်ပွဲအတွက်ဒုတိယအကြိမ်မဲဆန္ဒရှင်ရွေးကောက်ပွဲစာရင်းကိုထုတ်ပြန်
ကြေငြာခဲ့သည်။၂၀၁၁ခုနှစ်တွင်ဆယ်စုနှစ်များစွာအုပ်ချုပ်လာသည့်စစ်အုပ်ချူပ်ရေးပြီးဆုံးတည်းကစ၍ပထမဆုံးအကြိမ်ရွေး
ကောက်ခြင်းလည်းဖြစ်သည်ဟုစက်တင်ဘာလ(၁၄)ရက်နေ့တွင်VOA၏အစီရင်ခံချက်အရသိရှိရသည်။
မဲဆန္ဒရှင်အမည်စာရင်းကိုတနင်္လာနေ့တွင်နိုင်ငံတဝှမ်းလုံးရှိမဲဆန္ဒနယ်များတွင်ဖြန့်ဖြူးပေးခဲ့သည်။မွန်ပြည်နယ်မှရွေးကောက်
ပွဲတာဝန်ရှိသူတစ်ဦးဖြစ်သည့်ဟိန်းလင်းထက်မှအမည်စာရင်းမပါသောနိုင်ငံသားများကိုမကြာမီပြန်လည်လုပ်ဆောင်ပေးမည်ဖြစ်
ကြောင်း VOA သို့ပြောခဲ့သည်။
“ရွေးကောက်ပွဲဥပဒေအရမဲဆန္ဒရှင်များက(၁၄)ရက်အတွင်းပြန်လည်ပြောင်းလဲရန်အတွက်လျှောက်ထားဖို့ခွင့်ပြုပါတယ်”ဟုသူ
ကကြောင်းပြောခဲ့သည်။
၂၀၁၁ခုနှစ်တွင်အရပ်သားအစိုးရအမည်ခံအစိုးရအဖွဲ့တက်လာပြီးချိန်မှစ၍မဲဆန္ဒပေးမှုသည်ပထမဦးဆုံးအကြိမ်အထွေထွေရွေး
ကောက်ခြင်းဖြစ်သည်။သို့သော်လည်းအစိုးရသည်လုပ်ငန်းစဉ်တွင်အခိုင်အမာထိန်းချုပ်ထားဆဲဖြစ်သည်။ရွေးကောက်ပွဲသည်လွတ်
လပ်ပြီးတရားမျှတမှုရှိမရှိနှင့်ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့်ထင်ကြေးပေးခြင်းများရှိသည်ဟုအစီရင်ခံစာတွင်ဖော်ပြထားသည်။