ကရင်ပြည်နယ်မှပြည်သူတစ်သိန်းကျော်မဲပေးခွင့်ဆုံးရှုံး

...

ကရင်ပြည်နယ်မှပြည်သူတစ်သိန်းကျော်မဲပေးခွင့်ဆုံးရှုံး

The Irrawaddy, 29 Sep 2015

URL: http://www.irrawaddy.org/election/news/tens-of-thousands-to-miss-vote-in-karen-state
မဲရုံများကိုလုံခြုံရေးအခြေအနေများအရအချို့သောကျေးရွာများတွင်မဲရုံများဖွင့်လှစ်နိုင်ခြင်းမရှိဟုရွေးကောက်ပွဲအရာရှိများမှ
ပြောကြားခဲ့ပြီးနောက်ယခုနိုဝင်ဘာတွင်ကရင်ပြည်နယ်၌ပြည်သူတစ်သိန်းကျော်သည်သည်မဲပေးနိုင်ခွင့်အခွင့်အရေးဆုံးရှုံး
မည်ဖြစ်သည်။

ဘားအံမြို့တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အရာရှိတစ်ဦးဖြစ်သူကျော်ကျော်ထွန်းကကော်မရှင်သည်လှိုင်းဘွဲ့၊
ဘားအံနှင့်သံတောင်ကြီးစသည့်မြို့နယ်တစ်လျှောက်ရှိကျေးရွာ(၂၃)ရွာတွင်ကော်မရှင်မှမဲရုံများပြုလုပ်တော့မည်မဟုတ်ကြောင်း
ပြောခဲ့သည်။UEC မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ရာအောက်တွင်ရှိသည့်နယ်မြေများဖြစ်သောဘားအံနှင့်သံ
တောင်ကြီးမြို့နယ်များ၌မဲဆန္ဒရှင်စာရင်းကိုမပြုစုနိုင်ခဲ့ဟုသူကထပ်ပေါင်းပြောခဲ့သည်။

“ကျွန်တော်တို့အဲ့မှာအစပိုင်းကမဲရုံတွေဖွင့်ဖို့စီစဉ်ခဲ့ပေမယ့်လည်းလှိုင်းဘွဲ့ကမဲရုံ(၉)ရုံကိုရုပ်သိမ်းခဲ့ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့
အဲ့ဒီမှာလုံခြုံရေးပိုင်းဆိုင်ရာစိုးရိမ်စရာရှိလို့ပါ”ဟုသူကပြောခဲ့သည်။လှိုင်းဘွဲ့တစ်ခုထဲတွင်ပင်မဲပေးခွင့်ဆုံးရှုံးသူများသည်မဲပေးခွင့်
သတ်မှတ်ချက်နှင့်ပြည့်စုံသူများဖြစ်ပြီးလူပေါင်း(၇)ထောင်ခန့်ရှိသည်။

၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရဘားအံနှင့်သံတောင်ကြီးမြို့နယ်တွင်ကျေးလက်လူဦးရေစုစုပေါင်း(၅)သိန်းနီးပါးရှိသည်။ကရင်
လက်နက်ကိုင်နယ်မြေများတွင်UECမှ၌မဲဆန္ဒရှင်းစာရင်းမကောက်ခဲ့သောကြောင့်နိုဝင်ဘာ(၈)ရက်ရွေးကောက်ပွဲတွင်မြို့နယ်
နှစ်ခုစလုံးရှိမဲဆန္ဒရှင်များအားမဲမပေးနိုင်ခြင်းမှမည်မျှကာကွယ်နိုင်လိမ့်မည်ကိုကျော်ကျော်ထွန်းမှမပြောနိုင်ခဲ့ပေ။

အခြေအနေပြောင်းလဲမှုရှိပါကကော်မရှင်သည်လှိုင်းဘွဲ့မှဖယ်ထုတ်ထားသည့်ဒေသများရှိမဲရုံများကိုဖွင့်ပေးမည်ဖြစ်ကြောင်းသူ
ကပြောခဲ့သည်။

“ဘယ်သူ့ဆီကမှဖိအားပေးတာမျိုးမရှိပဲမဲဆန္ဒရှင်တွေဆန္ဒမဲပေးနိုင်ပြီဆိုရင်၊ ဒီနေရာတွေမှာလုံခြုံရေးအခြေအနေစိတ်ချရပြီဆို
ရင်ကျွန်တော်တို့မဲရုံတွေဖွင့်မှာပါ၊လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှာပါ”ဟုကျော်ကျော်ထွန်းကပြောခဲ့သည်။

ဆုံးဖြတ်ချက်ကိုကော်မရှင်ရုံးချုပ်မှတဆင့်ပေးခြင်းဖြစ်ကြောင်း UECကရင်ပြည်နယ်ရုံးခွဲမှဥက္ကဌဖြစ်သူကျော်ဝင်းမောင်ကပြော
ခဲ့သည်။

ထိုအချိန်အတောအတွင်းမှာပဲကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မှရွေးကောက်ပွဲတာဝန်ရှိသူများကမကြာသေးမီရက်သတ္တပတ်
များကနေရပ်စွန့်ခွာထွက်ပြေးရသည့်ရွာသားရာနှင့်ချီရှိသည့်ဒေသများတွင်အစိုးရတပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်များ
အတွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်ရလဒ်ကြောင့်အချို့မဲရုံများကိုမဖွင့်လှစ်နိုင်ကြောင်းနှင့်အခြာနေရာများတွင်လည်း
နေရာအပြောင်းအလဲပြုလုပ်နိုင်ကြောင်းပြောခဲ့သည်။

တိုက်ပွဲသက်ရောက်မှုရှိသည့်မြို့နယ်များ၏ဒေသတွင်းUECရုံးများမှတိုက်ပွဲများနှင့်ပတ်သက်သည်များကိုကော်မရှင်မှနောက်
ဆုံးအခြေအနေများရရှိရန်ကြိုးပမ်းခဲ့ကြောင်းကချင်ပြည်နယ် UECရုံးခွဲမှရွေးကောက်ပွဲအရာရှိတစ်ဦးဖြစ်သူထွန်းအောင်ခိုင်
ကပြောခဲ့သည်။

“မန်စီမြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်၊ဒါကြောင့်အခြေအနေနဲ့ပတ်သက်ပြီးနောက်ဆုံးအခြေအနေတွေကိုကျွန်တော်
တို့ဆီပုံမှန်တင်ပြဖို့မြို့နယ်ကော်မရှင်ကိုကျွန်တော်တို့ပြောခဲ့တယ်”ဟုသူကပြောခဲ့သည်။

စက်တင်ဘာလ(၈)ရက်နေ့တွင်မန်စီမြို့၌မြန်မာစစ်တပ်နှင့်ကချင်လွတ်မြောက်ရေးပါတီတို့အတွင်းတိုက်ပွဲများပြန်လည်ဖြစ်ပွား
ခဲ့ပြီးဒေသတွင်းနေထိုင်သူတစ်ရာကျော်သည်၎င်းတို့၏နေအိမ်များကိုစွန့်ခွာထွက်ပြေးခဲ့သည်။

UECမှကချင်ပြည်နယ်ရှိမည်သည့်မဲရုံများကိုရုပ်သိမ်းမည်မသိမ်းမည်ဆိုသည်ကိုUECမှဆုံးဖြတ်ချက်မချရသေးကြောင်း၊ရွေး
ကောက်ပွဲကော်မရှင်ကအခြေအနေကိုအနီးကပ်လှည့်လည်စစ်ဆေးခဲ့ကြောင်းထွန်းအောင်ခိုင်မှဧရာဝတီသို့ပြောခဲ့သည်။

“ကျွန်တော်တို့ကလိုက်လျောညီထွေရှိပါတယ်”ဟုသူကပြောခဲ့သည်။“အဲ့ဒီကအခြေအနေတွေကြောင့်မဲရုံတွေကိုကျွန်တော်တို့
ဖွင့်နိုင်ရုပ်သိမ်းနိုင်ပါတယ်။ဒါပေမယ့်ဒီအခြေအနေတွေကြောင့်အချို့နေရာတွေမှကျွန်တော်တို့ရွေးကောက်ပွဲမကျင်းပနိုင်ဘူး
ဆိုရင်မဲဆန္ဒရှင်တွေအတွက်ကျွန်တော်တို့တစုံတရာစီစဉ်ပေးမှာပါ ။”

ရှမ်းပြည်နယ်တောင်ပိုင်းရှိလွိုင်လန်ခရိုင်အတွက်UECကော်မရှင်တစ်ဦးဖြစ်သူဦးသန်းတင်မှနယ်မြေများ၌မကြာသေးမီကဖြစ်
ပွားခဲ့သောတိုက်ပွဲများကြောင့်ဆန္ဒမဲစည်းရုံးရေးဆင်းစဉ်အတွင်းလှုပ်ရှားမှုများကိုကန့်သတ်လိမ့်မည်ဖြစ်ကြောင်းပြောခဲ့သည်။