ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ကို EU မှ မြန်မာနိုင်ငံသို့စေလွှတ်

...

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ကို EU မှ မြန်မာနိုင်ငံသို့စေလွှတ်

Bangkok Post, 29 Sep 2015

URL: http://www.bangkokpost.com/news/asean/711532/eu-to-deploy-myanmar-election-observers
အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလာမည့်ရွေးကောက်ပွဲတွင်စစ်တပ်မှချုပ်ကိုင်ထားသည့်အစိုးရမှဆန့်ကျင်တိုက်
ခိုက်မှုများရှိလာမည်ဟုထင်သောကြောင့်အီးယူမှလာမည့်မြန်မာ့ရွေးကောက်ပွဲသို့စောင့်ကြည့်လေ့လာရေးအဖွဲ့စေလွှတ်ခြင်းသည်ပ
ထမဦးဆုံးအကြိမ်ဖြစ်ကြောင်းအီးယူကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

"ဒီအဖွဲ့ကိုခန့်လိုက်တာဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအကူးအပြောင်းမှာအီးယူကဆက်လက်ပါဝင်သွားမှာပါ"ဟု EU နိုင်ငံခြားရေးရာ
အကြီးအကဲ Federica Mogherini ကပြောခဲ့သည်။

"ရွေးကောက်ပွဲကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ကျင်းပမှာပါဖြစ်ပြီးပါဝင်တဲ့သူတွေကလည်းနိုင်ငံမှာပြုပြင်ပြောင်းလဲခြင်းတွေကိုတစုတစည်း
ထဲလုပ်ဆောင်ဖို့ကူညီမှာပါ " ဟု Mogherini ကပြောခဲ့သည်။

EUစောင့်ကြည့်လေ့လာရေးအဖွဲ့တွင်အဖွဲ့ဝင်ကိုးဦးပါဝင်ပြီးMogheriniအပါအဝင်ရေရှည်စောင့်ကြည့်ရန်အတွက်(၃၀)ဦးနှင့်ရေတို
စောင့်ကြည့်လေ့လာသူ(၆၂)ဦးတို့ဖြင့်ဖွဲ့စည်းထားသည်ဟုကြေငြာချက်တွင်ဖော်ပြထားသည်။

EU သံတမန်များနှင့် EUပါလီမန်မှသီးခြားအဖွဲ့များသည်လည်းမဲပေးရာတွင်လေ့လာမည်ဟုကြေငြာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့သည်၁၉၉၀ခုနှစ်တွင်ရွေးကောက်ပွဲ၌အနိုင်ရခဲ့သော်လည်းစစ်တပ်မှရလဒ်ကို
ပယ်ချခဲ့ပြီး၂၀၁၀ခုနှစ်တိုင်အောင်သူမအားထပ်တလဲလဲနေအိမ်အကျယ်ချုပ်ချခဲ့သည်။

နိုင်ငံအပေါ်စစ်တပ်ချုပ်ကိုင်ထားမှုလျော့ကျလာသောကြောင့်၂၀၁၂ခုနှစ်တွင်လွှတ်တော်နေရာအတွက်သူမအနိုင်ရခဲ့သော်လည်းနိုင်
ငံခြားသားနှင့်လက်ထပ်ပြီးသားသမီးများရှိသူသည်သမ္မတဖြစ်၍မရဟုဥပဒေဖြင့်တားမြစ်ထားသောကြောင့်ဒေါ်အောင်ဆန်းစုကြည်
သည်သမ္မတဖြစ်ခွင့်မရနိုင်ပေ။

NLD မှစစ်တပ်ကဏ္ဍလျော့ကျရန်အတွက်အခြေခံဥပဒေကိုပြောင်းလဲရန်စတင်လုပ်ဆောင်ခဲ့ပြီးသမ္မတဖြစ်ရန်ကန့်သတ်မှုများကိုပယ်
ဖျက်ရန်စတင်လုပ်ဆောင်ခဲ့သည်။

နိုဝင်ဘာလ(၈)ရက်နေ့ရွေးကောက်ပွဲ၌ဆန္ဒမဲပေးရာတွင်မကြောက်ရွံ့သင့်ကြောင်းထောက်ခံသူများကိုပြောကြားခဲ့သည်။

"၁၉၉၀ခုနှစ်ကလိုမျိုးထပ်ဖြစ်တော့မှာမဟုတ်ပါဘူး၊ဒါကြောင့်လူတွေကကြောက်ရွံ့နေစရာမလိုဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့အတွက်
မဲထည့်ဖို့သူတို့ရဲရင့်နိုင်ပါတယ် " ဟုသူမကပြောခဲ့သည်။