ရေးမြို့နယ် အရှေ့ဖက်ခြမ်းရှိကျောင်းရွာအုပ်စုတွင် မဲပေးခွင့်ရှိသူ(၆)ထောင်ကျော်ရှိ

...

ရေးမြို့နယ် အရှေ့ဖက်ခြမ်းရှိကျောင်းရွာအုပ်စုတွင် မဲပေးခွင့်ရှိသူ(၆)ထောင်ကျော်ရှိ

Independent Mon News, 04 Oct 2015

URL: http://monnews.org/2015/10/04/over-6000-valid-voters-in-kyaung-ywa-village-track-eastern-ye-tsp/
လာမည့်၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်မွန်ပြည်နယ်၊ရေးမြို့နယ်၊အရှေ့ဖက်ခြမ်းရှိကျောင်းရွာအုပ်စုတွင်အခြေခံမဲပေးပိုင်
ခွင့်ရှိသူခြောက်ထောင်ကျော်ရှိကြောင်းရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသတင်းရသည်။

မွန်ပြည်နယ်၊ရေးမြို့နယ်၊အရှေ့ဖက်ခြမ်းရှိမွန်ပြည်သစ်ပါတီထိန်းချုပ်ရာနယ်မြေဖြစ်သောကန်းနီ၊ဝယ်ဗိုင်၊ဝယ်ဇင်၊ဂနီ၊ပနန်းပိန်၊
စသည့်ကျေးရွာများမှဒေသခံများသည်၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်မရှိဟုဆိုကာသတင်းများ ထွက်ပေါ်
လျှက်ရှိသည်။

သို့သော်ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကရေးမြို့နယ်အရှေ့ဖက်ခြမ်းကျောင်းရွာအုပ်စုအတွင်းပါဝင်နေသောအဆို
ပါကျေးရွာများမှဒေသခံများသည်မဲပေးပိုင်ခွင့်ဆုံးရှုံးခြင်းမရှိဘဲ(၂၀၁၅)အထွေထွေရွေးကောက်ပွဲအားမဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း
ပြောကြားလိုက်သည်။

“မဲမပေးရတာမရှိပါဘူး။ကျွန်မတို့မဲစာရင်းကောက်ထားပါတယ်။သူတို့ကကျောင်းရွာအုပ်စုထဲကလေ။ဒါကြောင့်ကျောင်းရွာအုပ်စု
ကနေမဲပေးရမှာဖြစ်ပါတယ်။ရေးမြို့နယ်ထဲမှာတော့မဲပေးခွင့်မရှိတဲ့ကျေးရွာထဲမပါပါဘူး။အကုန်လုံးမဲစာရင်းတွေကောက်ထားပါ
တယ်”ဟုရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှပြောသည်။

ကန်းနီ၊ဝယ်ဗိုင်၊ဝယ်ဇင်၊ဖလမ်း၊ဂနီ၊ပနန်းပိန်ကျေးရွာများသည်ကျောင်းရွာအုပ်စုဖြစ်သည့်အတွက်ကျောင်းရွာအုပ်စုမှမဲပေးရမည်
ဖြစ်ပြီးကျောင်းရွာအုပ်စုတွင်မဲပေးခွင့်ရှိသူကျား(၂၉၄၁)ဦး၊မ(၃၁၇ရ)ဦး၊စုစုပေါင်း(၆၁၁၈)ဦးရှိသည်ဟုရေးမြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲရုံးမှဆိုသည်။

အထက်ပါမဲစာရင်းသည်စက်တင်ဘာလ(၁၄)ရက်မှ(၂ရ)ရက်နေ့အထိနောက်ဆုံးထားကြေညာခဲ့သည့်မဲစာရင်းတွင်ပါဝင်သူများဖြစ်
ပြီးနောက်တိုးအနေဖြင့်မဲပေးခွင့်ရှိသူ(၂၀၀)ဦးတိတိတိုးမြှင့်လာခဲ့သည်ဟုလည်းရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှထပ်
မံပြောကြားလိုက်သည်။

အဆိုပါကျေးရွာများသည်ကျောင်းရွာမှအနည်းဆုံး(၃)မိုင်မှ(၁၂)မိုင်အတွင်းတည်ရှိပြီးရေးချောင်းဖျားအတိုင်းစက်လှေငယ်(သို့မ
ဟုတ်)ပွင့်လင်းရာသီများတွင်4Wထရပ်ကားများဖြင့်သာသွားရောက်နိုင်သည်ဟုသိရသည်။

လာမည့်၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်မွန်ပြည်နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့်မဲပေးခွင့်ရှိသူ(၁၄)သိန်းနှင့်(ရ)သောင်း
၀န်းကျင်ရှိကြောင်းမွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဆိုသည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲကိုနိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီးနိုင်ငံရေးပါတီများသည်တိုင်းနှင့်ပြည်နယ်အသီး
သီး၌မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေကြသည်။