ရွေးကောက်ပွဲပြီးနောက်ပိုင်း၌ထိုင်းနိုင်ငံရှိမြန်မာဒုက္ခသည်များ၏မျှော်လင့်ချက်နဲ့၊သတိထားလာမှုများ

...

ရွေးကောက်ပွဲပြီးနောက်ပိုင်း၌ထိုင်းနိုင်ငံရှိမြန်မာဒုက္ခသည်များ၏မျှော်လင့်ချက်နဲ့၊သတိထားလာမှုများ

Voice of America, 17 Nov 2015

URL: http://www.voanews.com/content/myanmar-refugees-in-thailand-hopeful-cautious-after-election/3061372.html
အမျိုးသားဒီမိုကရေစီအဖွဲ့၏နိုဝင်ဘာလ(၈)ရက်နေ့ရွေးကောက်ပွဲအနိုင်ရခြင်း၏နောက်ဆက်တွဲအရထိုင်းနိုင်ငံတွင်နေထိုင်ကြ
သောဒုက္ခသည်တစ်သိန်းကျော်သည်နေရပ်သို့ပြန်လည်အခြေချခြင်းနှင့်ပတ်သက်၍ပိုမိုအကောင်းမြင်မှုများရှိလာသည်။သို့သော်
လည်းမြန်မာနိုင်ငံတွင်ပဋိပက္ခကြောင့်ရာစုနှစ်များစွာက​ပင်​ထွက်ပြေးလာခဲ့ကြသည့်သူအများအပြားသည်သတိထားနေဆဲပင်​ဖြစ်
သည်။

ဒုက္ခ​သည်​အများအပြားမှာထိုင်းနိုင်ငံအနောက်ဘက်နယ်စပ်တလျှောက်ရှိတရားဝင်စခန်းအချို့တွင်နေထိုင်လျှက်ရှိကြပြီးအမိမြေ
သို့ပြန်ရန်အတွက်အခွင့်အရေးအနည်းငယ်သာရှိသည်ကိုတွေ့မြင်ရသည်။သို့သော်လည်း NLD ၏နိုဝင်ဘာလ(၈)ရက်နေ့ရွေး
ကောက်ပွဲသည်ထိုအမြင်သဘောထားများကိုပြောင်းလဲသွားစေခဲ့သည်။စခန်းထဲရှိနေထိုင်သူအများအပြားသည်ဒေါ်အောင်ဆန်းစု
ကြည်အားကြာရှည်စွာထောက်ခံခဲ့သူများဖြစ်ပြီးစစ်အစိုးရကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြသူများဖြစ်သည်။

ဒုက္ခသည်များဆိုင်ရာကုသမဂ္ဂမဟာမင်းကြီးရုံး(UNHCR)၏ဒေသဆိုင်ရာပြောရေးဆိုခွင့်ရှိသူ Vivian Tan ကဒုက္ခသည်များမြန်မာ
နိုင်ငံသို့နေရပ်ပြန်ရန်အတွက်ဆုံးဖြတ်ချက်ချရာတွင်အပစ်အခတ်ရပ်စဲရေးစာချုပ်သည်အဓိကသော့ချက်ပင်ဖြစ်လိမ့်မည်ဖြစ်
ကြောင်းပြောခဲ့သည်။

“တကယ်လို့သာဒါဟာဒုက္ခသည်တွေအတွက်ပိုမိုအရေးမကြီးဘူးဆိုရင်တောင်နိုင်ငံတော်ဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘော
တူညီမှုဟာအရေးပါသင့်​သ​လောက်အရေးပါပါတယ်၊ဘာကြောင့်လဲဆိုတော့ဒီသဘောတူညီမှုကိုဘယ်လောက်ထိလိုက်နာမှုရှိသ
လဲဆိုတာကိုဒုက္ခသည်တွေကတွေ့မြင်ချင်ကြပါတယ်၊တွေ့မြင်ချင်ကြပါတယ်၊ပဋိပက္ခတွေအဆုံးသတ်ပြီးသူတို့လည်းအိမ်ပြန်ပြီး
သူတို့ဘဝတွေကိုပြန်လည်စတင်နိုင်ပါ”ဟု Tan ကပြောခဲ့သည်။

UNHCR၏ရပ်တည်ချက်မှာဒုက္ခသည်များအတွက်နေရပ်ပြန်ခြင်းသည်မိမိဆန္ဒအလျှောက်ပြန်ခြင်းသာဖြစ်ရမည်ဖြစ်​ပြီး​နိုင်ငံတ
ကာအလှူရှင်များ၏ပံ့ပိုးကူညီပေးမှုလည်း​ဆက်​လက်​လို​အပ်​သည်​ဟု​Tan ကပြောခဲ့သည်။