ရွေးကောက်ပွဲရလဒ်ကြောင့်မြန်မာရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ရန်မျှော်လင့်ချက်များရှိလာ

...

ရွေးကောက်ပွဲရလဒ်ကြောင့်မြန်မာရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ရန်မျှော်လင့်ချက်များရှိလာ

Channel News Asia, 21 Nov 2015

URL: http://www.channelnewsasia.com/news/asiapacific/for-myanmar-migrant/2278070.html
နေရပ်တိုင်းပြည်၏စီးပွားရေးအခြေအနေများသည်၎င်းတို့အားနိုင်ငံရပ်ခြားတွင်ပိုမိုကောင်းမွန်သောအလုပ်အကိုင်များရှာဖွေရန်
မျှော်လင့်ချက်များဖြင့်တိုင်းပြည်မှထွက်ခွာအောင်တွန်းအားပေးစေ့ဆော်ခဲ့သည်။ပြည်ပတွင်ရသည့်လခ၏တစ်ဝက်သာရမည်ဆို
သော်လည်းနေရပ်ပြန်ကြမည်ဖြစ်သည်၊သို့သော်အပြောင်းအလဲအတွက်၎င်းတို့မဲထည့်ခဲ့ခြင်းအပေါ်အစိုးရမှထိထိရောက်ရောက်
လုပ်ဆောင်ပေးရန်လိုအပ်သည်ဟုရွှေ့ပြောင်းအလုပ်သမားများက Channel NewsAsia သို့ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့အပြတ်အသတ်အနိုင်ရရှိခဲ့သည့်နိုဝင်ဘာလရွေးကောက်ပွဲပြီးနောက်ပိုင်းတွင်
မြန်မာနိုင်ငံသားအများစုကအစိုးရသစ်အဖွဲ့သည်၎င်းတို့နေရပ်ပြန်ရန်အတွက်အပြောင်းအလဲအများအပြားကိုထိထိရောက်ရောက်
လုပ်ဆောင်နိုင်မည်ဟုမျှော်လင့်နေကြသည်။သို့သော်လည်းရာစုနှစ်များစွာဖြစ်ပွားခဲ့သည့်ပြည်တွင်းစစ်နှင့်နိုင်ငံ၏အနောက်အရပ်
တွင်အခြေအနေတင်းမာမှုများကြောင့်အစိုးရအသစ်သည်ယင်းတို့ကိုဦးဆောင်ပြုလုပ်ရာတွင်စိန်ခေါ်မှုများစွာရှိမည်ဖြစ်သည်။