ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်ကဏ္ဍကြီး(၅)ရပ်ကိုအဓိကဆွေးနွေးမည်

...

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်ကဏ္ဍကြီး(၅)ရပ်ကိုအဓိကဆွေးနွေးမည်

The Global New Light of Myanmar, 06 Jan 2016

URL: http://issuu.com/myanmarnewspaper/docs/7_jan_16_gnlm
ယမန်နေ့ကမြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)တွင်ပြုလုပ်သည့်ကြိုတင်ပြင်ဆင်မှုအတွက်နှစ်ရက်တာအစည်းအဝေးနောက်ဆက်တွဲအရနိုင်
ငံ၏ပထမဦးဆုံးအကြိမ်နိုင်ငံရေးဆွေးနွေးပွဲတွင်ကဏ္ဍကြီး(၅)ရပ်ကိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်တက်ရောက်ဆွေးနွေးရန်အ
တွက်အတွင်းရေးမှူးအဖွဲ့များမှသဘောတူညီခဲ့ကြသည်။

ဆွေးနွေးမည့်ကဏ္ဍကြီး(၅)ရပ်မှာနိုင်ငံရေးဆိုင်ရာအကြောင်းအရာများ၊စီးပွားရေးဆိုင်ရာအကြောင်းအရာများ၊လူမှုရေးဆိုင်ရာအကြောင်း
အရာများ၊လုံခြုံရေးဆိုင်ရာအကြောင်းအရာများ၊မြေနှင့်သဘာဝသံယံဇာတအရင်းအမြစ်ဆိုင်ရာများစသည်တို့ဖြစ်သည်။ပါဝင်သည့်အဖွဲ့အ
စည်းများသည်ဆွေးနွေးပွဲတွင်ကြိုတင်ပြင်ဆင်ရန်အတွက်နှစ်ရက်တာကြိုတင်အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းမြန်မာ့ငြိမ်းချမ်းရေး
စင်တာMPCမှပရိုဂရမ်ဒါရိုက်တာတစ်ဦးဖြစ်သူဦးအောင်နိုင်ဦးကပြောခဲ့သည်။

ဦးအောင်နိုင်ဦး၏ပြောကြားချက်အရဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ခြင်းခေါင်းစဉ်ကိုနိုင်ငံရေးဆိုင်ရာအကြောင်းအရာ
အောက်တွင်ထားရှိဆွေးနွေးမည်ဖြစ်ပြီးပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများအကြောင်းကိုလူမှုရေးဆိုင်ရာခေါင်းစဉ်အောက်တွင်ထား
ရှိဆွေးနွေးသွားမည်ဖြစ်သည်။