ထာဝရငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းအားထုတ်ကြရန်ဒေါ်အောင်ဆန်းစုကြည်မှတိုက်တွန်း

...

ထာဝရငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းအားထုတ်ကြရန်ဒေါ်အောင်ဆန်းစုကြည်မှတိုက်တွန်း

Radio Free Asia, 12 Jan 2016

URL: http://www.rfa.org/english/news/myanmar/peace-01122016184513.html
အင်္ဂါနေ့၌နေပြည်တော်တွင်ကျင်းပသောငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲအမှာစကားပြောကြားရာတွင်အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)ခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်မှမြန်မာနိုင်ငံ၏နောင်လာမည့်အစိုးရသည်အောက်တိုဘာလ၌အပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်
မရေးထိုးပဲသီးခြားကျန်ရှိနေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးတည်ဆောက်သွားရန်အတွက်ကြိုးပမ်းလုပ်
ဆောင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ပြည်သူပြည်သားတိုင်းရင်းသားများကကျွန်မတို့ကိုပေးထားတဲ့လုပ်ပိုင်ခွင့်အာဏာအပေါ်အခြေခံပြီးထာဝရငြိမ်းချမ်းရေးရယူမယ့်တာဝန်
ကိုထမ်းဆောင်ဖို့အဆင်သင့်ရှိနေပါတယ်”ဟုနိုဝင်ဘာလ(၈)ရက်နေ့ရွေးကောက်ပွဲတွင်တနိုင်ငံလုံးအနှံ့မဲများကိုပြတ်ပြတ်သားသားအနိုင်
ရရှိခဲ့သောပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ပါတီသည်ယခုနှစ်အစောပိုင်းတွင်​အစိုးရသစ်ဖွဲ့စည်းမည်ဖြစ်သည်။

“ကျွန်မတို့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအရေးတကြီးလုပ်ဆောင်ဖို့လိုအပ်ပါတယ်”၊မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဆွေးနွေးမှုအတွက်
ပထမအစခြေလှမ်းသာဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။“အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမရှိပဲနဲ့တည်တံ့ခိုင်
မြဲတဲ့ငြိမ်းချမ်းရေးကိုဘယ်လိုမှမတည်ဆောက်နိုင်ပါဘူး။”

ဖွင့်ပွဲမိန့်ခွန်းပြောကြားရာတွင်ဦးသိန်းစိန်မှဤကဲ့သို့သောတွေ့ဆုံမှုသည်ယခင်ကစစ်တပ်အုပ်ချုပ်ခံအရှေ့တောင်အာရှနိုင်ငံထဲ၌ငြိမ်းချမ်း
ရေးတည်ဆောက်ရာတွင်ရှေ့ဆက်သွားမည့်အရေးပါသည့်ခြေလှမ်းတရပ်ပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။