ရွေးကောက်ပွဲအလွန်ပထမဦးဆုံးအကြိမ်အဖြစ်အမေရိကန်သံတမန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

...

ရွေးကောက်ပွဲအလွန်ပထမဦးဆုံးအကြိမ်အဖြစ်အမေရိကန်သံတမန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Democratic Voice of Burma, 19 Jan 2016

URL: http://www.dvb.no/dvb-video/first-post-election-meeting-for-suu-kyi-us-envoys/60363
ပြီးခဲ့သည့်နှစ်နိုဝင်ဘာလရွေးကောက်ပွဲ၌ဒေါ်အောင်ဆန်းစုကြည်ပါတီသည်အလုံးစုံအနိုင်ရရှိခဲ့ပြီးနောက်အစိုးရသစ်ဆီသို့မြန်မာနိုင်ငံ၏
အကူးအပြောင်းကာလဖြစ်သည့်အားလျော်စွာဒေါ်အောင်ဆန်းစုကြည်သည်အမေရိကန်သံတမန်များနှင့်တနင်္လာနေ့တွင်တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးအင်တိုနီဘလင်ကင်နှင့်နေပြည်တော်၌တွေ့ဆုံခဲ့သည်။

လာရောက်လည်ပတ်ရသည့်ရည်ရွယ်ချက်မှာတပ်မတော်နှင့်ချိတ်ဆက်နေသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှဒေါ်
အောင်ဆန်းစုကြည်ပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ထံသို့အာဏာလွှဲပြောင်းရာ၌မြန်မာအစိုးရ၏အခြေအနေများကို
ဆွေးနွေးရန်ဖြစ်သည်။

မြန်မာနိုင်ငံသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြားနှင့်ပဋိပက္ခဖြစ်ပွားခဲ့သည်။

NLD ဦးဆောင်သည့်အစိုးရသည်မတ်လတွင်အာဏာလွှဲပြောင်းယူမည်ဖြစ်သည်၊သမ္မတရွေးချယ်တင်မြှောက်ခြင်းကိုဖေဖော်ဝါရီလတွင်ပြု
လုပ်ရန်မျှော်မှန်းထားသော်လည်းတပ်မတော်သည်နိုင်ငံရေးပိုင်းတွင်အားကောင်းသောအဖွဲ့အဖြစ်ကျန်ရှိနေဆဲဖြစ်သည်။

လွှတ်တော်နေရာလေးပုံတစ်ပုံသည်မဲပေးရွေးချယ်မှုမရှိသည့်စစ်တပ်အရာရှိများအတွက်ဖြစ်သည်။အရေးကြီးသည့်အစိုးရအဖွဲ့ဝန်ကြီး(၃)
နေရာမှာ- ပြည်ထဲရေး၊ကာကွယ်ရေးနှင့်နယ်စပ်ရေးရာတို့ဖြစ်ပြီး၎င်းနေရာများကိုကာကွယ်ရေးစစ်ဦးစီးချုပ်ကရွေးချယ်ရသည်။