ကရင်လက်နက်ကိုင်အဖွဲ့များမှKNU၏နိုင်ငံရေးဦဆောင်မှုအတိုင်းဆက်သွားရန်သဘောတူ

...

ကရင်လက်နက်ကိုင်အဖွဲ့များမှKNU၏နိုင်ငံရေးဦဆောင်မှုအတိုင်းဆက်သွားရန်သဘောတူ

Karen News, 05 Mar 2016

URL: http://karennews.org/2016/03/karen-armed-groups-unite-agree-knu-takes-political-lead.html/
ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဌာနချုပ်၌၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင်ကျင်း
ပသောအစည်းအဝေးသည်ကရင်လက်နက်ကိုင်များညီညွတ်ရေးကောမတီထဲတွင်ပြုလုပ်သည့်ပုံမှန်အစည်းအဝေးတစ်ခုဖြစ်ပြီး KNLA, KNU/
KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်နှင့်မကြာသေးမီကပြန်လည်ဖွဲ့စည်းခဲ့သည့်တိုးတက်သောဗုဒ္ဓဘာသာက
ရင်အမျိုးသားတပ်မတော်စသည်တို့မှတက်ရောက်ခဲ့ကြသည်။

KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီကအတူတကွလုပ်ကိုင်ဆောင်ရွက်ရန်အတွက်အဓိကရည်ရွယ်ချက်သည်စည်းလုံးညီညွတ်ခြင်းရေး
ဖြစ်ကြောင်းကရင်သတင်းစဉ်သို့ပြောကြားခဲ့သည်။

“အစည်းအဝေးမှာကျွန်တော်တို့ကရင်လက်နက်ကိုင်တွေနိုင်ငံရေးပိုင်းမှာအားလုံးပါဝင်ပြီးစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့သွားကြဖို့ကျွန်
တော်တို့သဘောတူညီခဲ့ကြပါတယ်။အားလုံးပါဝင်မှအကျိုးရှိမှာပေါ့။အရင်ကကျွန်တော်တို့သဘောတူညီထားခဲ့တဲ့အတိုင်းရှေ့ဆက်သွားကြဖို့
ပါပဲ။”

အစည်းအဝေးအတွင်ဆွေးနွေးမှုများကိုလက်ရှိအဖွဲ့များအတွင်းဖြစ်ပွားနေသည့်ပြဿာနာများနှင့်ပတ်သတ်သည့်စည်းလုံးညီညွတ်ရေးနှင့်အ
ကြောင်းအရာကိစ္စများကိုအဓိကဦးတည်ထားဆွေးနွေးခဲ့သည်။ရှေ့ဆက်အဖွဲ့များတညီတညွတ်တည်းစုစည်းရေး၊ကြိုးပမ်းလုပ်ဆောင်ရေးစ
သည့်သဘောထားများကိုဆက်လက်သဘောတူလက်ခံခဲ့ကြသည်။