နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ကာကွယ်ခြင်းထက် ထောက်ပံ့ပေးခြင်းကို ဦးစားပေးလုပ်ကိုင်သွားမည်

Mizzima, 16 Jun 2016
URL: http://mizzima.com/business-domestic/support-better-protection-government%E2%80%99s-new-economic-policy
ကျွန်တော်တို့အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ ခွဲခြားပြီး အခွင့်အရေး မပေးပါဘူး၊ မြန်မာနိုင်ငံသားတွေအားလုံးကိုအခွင့်အလမ်းတန်းတူပေး
သွားမှာပါဟုစီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဇွန်လ(၁၂)ရက်နေ့တွင်ပြည်ထောင်စုသမ္မတမြန်
မာနိုင်ငံကုန်သည်စက်မှုအသင်းချူပ်(UMFCCI)တွင်ကျင်းပသည့်အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်၊အစည်းအဝေးအား မြန်မာ့
ကုန်သည်ကြီးများနှင့်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ပထမဦးဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး သုံးနာရီနီးပါး ပြုလုပ်ခဲ့သည်။
"စီးပွားရေးလုပ်ငန်းတွေအားလုံး အမြင့်ဆုံးစွမ်းဆောင်ရည်တွေရရှိနိုင်ဖို့ကျွန်တော်တို့တတ်နိုင်သမျှထောက်ပံ့ကူညီပေးသွားပါ့မယ်၊ကျွန်
တော့်အနေနဲ့အကာအကွယ်ပေးတာထက်၊ အထောက်အပံ့ပေးတာမျိုးကို ပိုပြီးအားသန်ပါတယ်။အဲဒီ့တော့ ကျွန်တော်တို့အစိုးရအနေနဲ့
မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေကို ထောက်ပံ့ကူညီပါရစေလို့ ပြောချင်ပါတယ်"ဟု ဝန်ကြီးကဆိုသည်။
ယခုလက်ရှိတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် မြန်မာ့ရင်းနှီးမြှုပ်
နှံမှုကော်မရှင်(MIC)၏ဥက္ကဌတာဝန်ကို ယူထားသူဖြစ်ပြီး ယင်းအနေနှင့် မြန်မာနိုင်ငံဆင်းရဲမှု သက်ဆိုးရှည်နေရခြင်းအတွက်ယခင်အ
စိုးရလက်ထက်များတွင်တစ်ဦးတည်းလုပ်ပိုင်ခွင့်ပေးထားခြင်းသည် အဓိကအချက်ဖြစ်သည်ဟု ပြောဆိုထားပြီး ယခု NLDအစိုးရလက်
ထက်မှာနိုင်ငံသားတိုင်းစီးပွားရေးလုပ်ကိုင်ခွင့်ပေးဖို့ အစီအမံများပြုလုပ်ထားပြီး မကြာမီထုတ်ပြန်သွားဖို့ရှိသည်ဟု ယင်းကတွေ့ဆုံပွဲအ
ပြီး မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
“လောလောဆယ်တော့ အတည်ပြုချက်မရသေးတော့ ကျွန်တော်တို့ပြောလို့မရသေးပါဘူး၊ အနီးစပ်ဆုံး ဒီလထဲအတွင်း ထွက်လာနိုင်ပါ
လိမ့်မယ်၊အတိုချုပ်ပြောရရင်တော့နိုင်ငံသားအားလုံး စီးပွားရေးလုပ်ခွင့်ရမယ့် မူဝါဒဖြစ်လိမ့်မယ်” ဟု ဝန်ကြီးက မီဒီယာများ၏မေးမြန်း
မှုကိုဖြေကြားခဲ့သည်။