UNICEF ငွေကြေးပံ့ပိုးပေးမှုဖြင့် ရေးဆွဲထားသည့် မွန်ဘာသာ ကျောင်းသုံးစာအုပ်များအား ပြည်နယ်အစိုးရထံလွှဲပြောင်းပေးအပ်

Mon News Agency, 23 Jun 2016
URL: http://monnews.org/2016/06/23/unicef-funded-mon-textbooks-provided-state-govt/
UNICEF မှ မွန်ဘာသာကျောင်းသုံးဖတ်စာအုပ်(၇၃,၀၀၀)အုပ်၊ လေ့ကျင့်ခန်းစာအုပ်(၈၀၀၀၀)အုပ်နှင့် ဆရာလက်စွဲစာအုပ်၊အခြေ
ခံသဒ္ဒါမွန် နှင့် ကျောင်းသုံးကလေးပုံပြင်စာအုပ်( ၅၀၀၀)အုပ် စသည်တို့ကို မွန်ပြည်နယ်အစိုးရထံ အပ်နှံခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက "ယခု ယူနီဆက်မှ လွှဲပြောင်းပေးတဲ့ မွန်ဘာသာ ဖတ်စာအုပ်များကို ပြည်နယ်အစိုးရအ
နေဖြင့်ပြည်နယ် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်မှာဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းများမှ စာအုပ်များ လက်ခံရရှိဖို့ဆက်လက်
လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဆရာများက အမှန်တကယ်ထိရောက်စွာအသုံးပြုနိုင်ဖို့ကျွန်တော်တို့ရှေ့ဆက်လုပ်ဆောင်သွားမှာ
ပါ "ဟုပြောကြားခဲ့သည်။
မွန်ဘာသာ သင်ရိုးညွှန်းတန်း ရေးဆွဲရေးကော်မတီဥက္ကဌ ဒေါက်တာမင်းနွယ်စိုးကသင်ရိုးညွှန်းတန်း ရေးဆွဲရာတွင်အခက်အခဲများ
စွာတွေ့ကြုံခဲ့ရကြောင်း၊ မွန်ပြည်နယ်-ကရင်ပြည်နယ်-တနင်္သာရီတိုင်းရှိမွန်တိုင်းရင်းသားအားလုံးအတွက်အကောင်းဆုံးဖြစ်အောင်
လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ၊ ၎င်းထက်ပိုမိုကောင်းမွန်အောင် နောက်လူများဆက်လုပ်ရာတွင်အကူအညီလိုပါကကျွန်တော်တို့
ကဆက်လက်ကူညီရန် အဆင်သင့်ရှိပါကြောင်း ဒေါက်တာမင်းနွယ်စိုးက ပြောခဲ့သည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍ ကျောင်းခေါ်ချိန်အတွင်း ဖွံ့ဖြိုးရေးအချိန်များ၌ မွန်စာသင်ကြားချိန်အဖြစ် မွန်ပြည်နယ်လွှတ်
တော်မှ၂၀၁၄ခုနှစ် ဧပြီလတွင် ပြဌာန်းခဲ့သော်လည်း ယခုအခါ အစိုးရစာသင်ကျောင်းများတွင် ပြင်ပအချိန်၌သာ သင်ကြားခွင့်ရှိ
သည်။