လှိုင်းဘွဲ့တွင်ခြေတုအလုပ်ရုံစင်တာတစ်ခုဖွင့်လှစ်

...

လှိုင်းဘွဲ့တွင်ခြေတုအလုပ်ရုံစင်တာတစ်ခုဖွင့်လှစ်

Karen News, 27 Jun 2016

URL: http://karennews.org/2016/06/prosthetic-workshop-center-opens-in-hlaingbwe-township.html/
တောင်ကိုရီးယားနိုင်ငံမှ အလှူရှင်များ အကူအညီဖြင့် ကော်သူးလေကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန နှင့်မယ်တော်ဆေးခန်းတို့
ကမကထပြုပြီး ခြေတုအလုပ်ရုံစင်တာတစ်ခုကို လှိုင်းဘွဲ့မြို့နယ်ရှိ ကလို့ယောလေးကျေးရွာ၌ ဇွန်လ(၂၀)ရက်နေ့ကဖွင့်လှစ်ခဲ့
သည်။

အဆိုပါခြေတုအလုပ်ရုံစင်တာကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်။

ဘားအံခရိုင်အတွင်းရှိ ခြေထောက်ပြတ်သွားသည့် လူနာများအတွက် အားလုံးပြန်တပ်ဆင်ပေးနိုင်ရန် ခြေတုများ ရရှိသွားအောင်
လုပ်ဆောင်သွားမည်ဖြစ်သလို KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးပလာယာနှင့် ဖာပွန်(မုထရော)တို့တွင်လည်း အလုပ်ရုံ တိုးချဲ့
လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်ဟု ပဒိုအဲ့ကလူရွှေဦးကပြောသည်။

ခြေတုအလုပ်ရုံစင်တာအတွက်လိုအပ်သောအထောက်အပံ့ပစ္စည်းများကို ကိုရီးယားနိုင်ငံအလှူရှင်အဖွဲ့၏ထောက်ပံ့မှုဖြင့် KDHW
မှဦးဆောင်ကြီးကြပ်ကာ ခြေထောက်ပြတ်သွားသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAရဲဘော်များနှင့် ဒေသ
ခံပြည်သူလူထုအား ခြေတုများပြုလုပ်ခြင်း သင်တန်းများကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

၎င်းခြေတုအလုပ်ရုံစင်တာ ဖွင့်လှစ်ပွဲသို့ မယ်တော်ဆေးခန်း ဒါရိုက်တာဖြစ်သူ ဒေါက်တာစင်သီယာမောင်၊ KDHW မှ ဌာနမှူးပဒို
စောအဲ့ကလူရွှေဦး၊ တောင်ကိုရီးယားအလှူရှင်အဖွဲ့(Korea – Mae Sot Cooperation Center)မှ ကိုယ်စားလှယ်များ၊ KNUဘားအံ
ခရိုင်တာဝန်ရှိသူများ၊ ကျန်းမာရေးလုပ်သားများ၊ KNLA အရာရှိများနှင့်ဒေသခံလူထုများအပါအဝင်လူဦးရေ (၁၀၀)ကျော်တက်
ရောက်ခဲ့ကြသည်။