ကရင်ပြည်နယ်တွင် သဘာဝဘေး ကြိုတင်ပြင်ဆင်နိုင်ရေး ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်း

...

ကရင်ပြည်နယ်တွင် သဘာဝဘေး ကြိုတင်ပြင်ဆင်နိုင်ရေး ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်း

The Global New Light of Myanmar, 05 Jul 2016

URL: https://issuu.com/myanmarnewspaper/docs/5_july_16_gnlm
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေး ရှင်းသည် ကရင်ပြည်နယ်တွင် သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့်
ဒေသဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်နိုင်ရန်အတွက် ငွေကျပ်သိန်းတစ်ထောင် လှူဒါန်းခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲအဆိုအရသိရှိရ
သည်။

ပြောကြားချက်များအရအခြားအလှူရှင်များပါဝင်ပြီးအခြေခံအဆောက်အဦးများ မခိုင်ခံ့မှုကြောင့် ယမန်နှစ်တွင်သဘာဝဘေးအန္တ
ရယ်များဖြစ်ပွားခဲ့ပြီးအကူအညီများပေးရာတွင်အခက်အခဲများရှိခဲ့သောကြောင့်အဆင်ပြေစေရန်အတွက်ယခုကဲ့သို့လှူဒါန်းခြင်းဖြစ်
ကြောင်းပြောကြားခဲ့သည်။ဤအလှူငွေကြေးသည် ထိုသို့ပြုလုပ်ရာတွင် တိုးတက်မှုများရှိလာအောင် ကူညီမည်ဖြစ်သည်။

ဤအခြေအနေများကိုကြားသိရသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)မှဥက္ကဌဒေါ်နန်းလန်းခမ်းသည်
တိုင်းနှင့်ပြည်နယ်များတွင် သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်မှုများနှင့်အလျှင်အမြန်တုံ့ပြန်မှု များပြုလုပ်နိုင်ရန်အတွက်ဤ ကဲ့သို့သောငွေကြေးရန်ပုံငွေထူထောင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

အလှူငွေများအား BFM အရာရှိတစ်ဦးဖြစ်သူ ဦးဘိုဘိုဝေမောင်က ကရင်ပြည်နယ်ဝန်ကြီးဖြစ်သူဒေါ်နန်းခင်ထွေးထံလွှဲပြောင်းပေး
အပ်ခဲ့သည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည်ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေး
တိုင်းနှင့်စစ်ကိုင်းတိုင်းတို့တွင်လည်း ဤကဲ့သို့လှူဒါန်းခဲ့သည်။