USအကူအညီပေးရေးအစီအစဉ်မှ မြို့နယ်(၃၃)မြို့နယ်တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေး ကူညီပေးမည်

...

USအကူအညီပေးရေးအစီအစဉ်မှ မြို့နယ်(၃၃)မြို့နယ်တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေး ကူညီပေးမည်

Myanmar Times, 26 Aug 2016

URL: http://www.mmtimes.com/index.php/national-news/22163-us-aid-program-targets-malaria-in-33-townships.html
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ ဦးဆောင်ပြုလုပ်သည့်ကမ်းပိန်းသည် လာမည့်ငါးနှစ်အတွင်း
ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးရှိ မြို့နယ်(၃၃)မြို့နယ်တွင် နေထိုင်လျှက်
ရှိသည့် လူဦးရေ(၃)သန်းကျော်အတွင်းဖြစ်ပွားနေသော ငှက်ဖျားရောဂါကို ကူညီတိုက်ဖျက်ရန်
အတွက် ရည်ရွယ်သည်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာUSအဖွဲ့အစည်း(USAID) သည် ငှက်ဖျားရောဂါထိန်းချုပ်
ကာကွယ်ရေးအစီအစဉ်(CAP-Malaria)ကိုဆောင်ရွက်ရန်အတွက်ပဏာမလုပ်ဆောင်မှုအနေ
ဖြင့်ငှက်ဖျားရောဂါတိုက်ဖျက်ရေးကိုလုပ်ဆောင်မည်ဖြစ်ကြောင်းကြေငြာခဲ့သည်၊ ထိုအစီအစဉ်
တွင်ငှက်ဖျားရောဂါမတိုးတော့သည့်ဆေးနှင့်ပတ်သတ်၍အထူးအာရုံစိုက်လုပ်ဆောင်ခဲ့ပြီး၊၂၀၁၁
ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပြည်နယ်နှင့်ဒေသကြီး(၅)ခု၌ မြို့နယ်(၂၉)ခုတွင်အကျိုးခံစားရရှိခဲ့
သည်။

“ဒီစီမံကိန်းမှာဆိုရင် လူ(၅၇၃,၉၃၂)ဦးကို ငှက်ဖျားရောဂါစစ်ဆေးခဲ့ပြီး(၂၃,၂၂၅)ဦးက ငှက်ဖျား
ရောဂါရှိကြောင်းလကက္ခ​ဏာပြခဲ့ပြီး သင့်တော်တဲ့ကုသမှုခံယူခဲ့ပါတယ်။ ငှက်ဖျားရောဂါထိန်း
ချုပ်ကာကွယ်ရေးအစီအစဉ်(CAP-Malaria)ကဒေသကို ရောက်ရှိလာပြီး လူဦးရေ(၁၀)သိန်း
ကျော်ကို စစ်ဆေးကုသပေးနေပါတယ်၊ ငှက်ဖျားရောဂါဖြစ်ပွားမှုကို(၃၇)ရာခိုင်နှုန်းလျော့ချနိုင်
ခဲ့ပါတယ် " ဟု နေပြည်တော်တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစတင်လုပ်ဆောင်နေသည့်တ
ချိန်တည်းမှာပင် USAID ကယမန်နေ့တွင် ကြေငြာထုတ်ပြန်ခဲ့သည်။

ယူအက်စ်ဒေါ်လာ(၃၂)သန်းအစီအစဉ်သစ်သည် ဆေးမတိုးတော့သည့်အခြေအနေများကို
အောင်မြင်စွာအရှိန်အဟုန်မြှင့်ကုသနိုင်ရန်အတွက်ဆန်းသစ်ပြောင်းလဲမှုများကိုအစပျိုးလုပ်
ဆောင်ပေးရန်အလို့ငှာမြန်မာနိုင်ငံငှက်ဖျားရောဂါထိန်းချုပ်ရေးအစီအစဉ် နှင့် လူထုအခြေ
စိုက်အဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။လူထုအခြေအနေစီမံခန့်ခွဲမှုနှင့်အ
ချိန်ကိုက်အချက်အလက် အစီရင်ခံခြင်းများကိုလည်း တစ်ပေါင်းတည်းလုပ်ဆောင်မည်ဖြစ်
ကြောင်းကြေငြာချက်ထဲတွင်ဖော်ပြထားသည်။ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးသည် ၂၀၃၀
ခုနှစ်အာရှပစိဖိတ်ဒေသတစ်လျှောက်တွင်ခြင်ပေါက်ဖွားခြင်းမှကူးစက်သည့်ရောဂါကိုတိုက်
ဖျက်ရန်အတွက်ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်သည့်အရာများထဲမှတစ်စိတ်တစ်ပိုင်းအဖြစ်
ပါဝင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏အဆိုအရပြီးခဲ့သည့်နှစ်တွင်မြန်မာနိုင်ငံ၌ငှက်ဖျားရောဂါ
ဖြစ်ပွားသူ(၁၅၂ ,၁၉၅)ဦးရှိသည်။