ပထမ ငါးလအတွင်း မြန်မာ-ထိုင်း ကုန်သွယ်ရေး ဒေါ်လာ သန်းပေါင်း ၅၀၀ နီးပါးထိရောက်ရှိ

...

ပထမ ငါးလအတွင်း မြန်မာ-ထိုင်း ကုန်သွယ်ရေး ဒေါ်လာ သန်းပေါင်း ၅၀၀ နီးပါးထိရောက်ရှိ

The Global New Light of Myanmar, 12 Sep 2016

URL: http://www.mizzima.com/business-domestic/new-garment-factories-could-provide-6000-new-jobs
ပြီးခဲ့သည့် ငါးလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှတဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကုန်သွယ်ရေးသည်
အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ နီးပါးထိ တန်ဖိုးရှိခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်များမှ တဆင့် ကုန်သွယ်မှုတန်ဖိုးသည် လွန်ခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ သန်းပေါင်း၁၀၀
ကျော် မြင့်တက်ခဲ့သည်။

ယခုနှစ်ဧပြီလနှင့်စက်တင်ဘာလအစောပိုင်းကြားတွင် နှစ်နိုင်ငံ ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးသည် မြဝတီနယ်စပ်
ကုန်သွယ်ရေး စခန်းမှ ထုတ်ကုန်များ၏ တန်ဖိုးအမေရိကန်ဒေါ်လာသန်းပေါင်း ၃၄၀ ကျော် ကုန်သွယ်ခြင်းအပါအ
ဝင် ဒေါ်လာသန်းပေါင်း ၄၉၉.၈၆၁ ရှိခဲ့သည်။

နှစ်နိုင်ငံကြားကုန်သွယ်မှုမြှင့်တင်ရန် တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ရာ့ချဘူရီ/ထိခိုင်နှင့် မောတောင်းကုန်သွယ်
ရေးစခန်းများအပါအဝင် ကုန်သွယ်ရေးစခန်းများအား မြန်မာဘက်ခြမ်း၌ ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံမှ ၎င်းနှင့် ကုန်သွယ်ရေးဖက်စပ်(ပါတနာ) လုပ်ကိုင်သူများထံသို့ စိုက်ပျိုးရေးထုတ်ကုန်များ ၊တိရစ္ဆာန်ထွက်
ပစ္စည်းများ၊ သတ္တုတူးဖော်ရေးပစ္စည်းများ ၊ သစ်တော နှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခဲ့သည်။

မြန်မာနိုင်ငံသည် ထိုင်း၊ အိန္ဒိယ ၊ တရုတ်၊ ဘင်္ဂလားဒေ့နိုင်ငံများနှင့် နယ်စပ် ဖြတ်ကျော်ကုန်သွယ်ရေး သဘောတူညီ
ချက် စာချုပ်များကိုလက်မှတ်ရေးထိုးခဲ့သည်။ကုန်သွယ်ရေးလုပ်ငန်းစဉ်ကို ထိုနိုင်ငံများနှင့်အတူ နယ်စပ်ကုန်သွယ်ရေး
စခန်း(၁၅)ခုကို ဖြတ်သန်း၍ဆောင်ရွက်ခဲ့သည်။

နယ်စပ်များ တစ်လျှောက် မဟာဗျူဟာ ဒေသများရှိ နယ်စပ် ကုန်သွယ်ရေးစခန်းများကို ထပ်မံတိုးချဲ့ရန် စီစဉ် ထားရှိ
နေဆဲဖြစ်သည်။