ဒိန်းမတ်မှ ငွေကြေးထောက်ပံ့ပေးမည့် လုပ်ငန်းဆောင်ရွက်မှုစွမ်းရည် တည်ဆောက်မှု အစီအစဉ် စတင်

...

ဒိန်းမတ်မှ ငွေကြေးထောက်ပံ့ပေးမည့် လုပ်ငန်းဆောင်ရွက်မှုစွမ်းရည် တည်ဆောက်မှု အစီအစဉ် စတင်

Mizzima, 29 Sep 2016

URL: http://www.mizzima.com/development-news/danish-funded-capacity-building-programme-launched
မြန်မာနိုင်ငံ၌ လူမှု့ရေးဆိုင်ရာ အပြန်လှန် ဆွေးနွေးမှုများ ပြုလုပ်ရာတွင် တိုးတက်မှုများ ရှိလာစေရန် ရည်ရွယ်သည့် ဒိန်းမတ်မှ
ငွေကြေးထောက်ပံ့ပေးမည့် လုပ်ငန်းဆောင်ရွက်မှုစွမ်းရည် တည်ဆောက်မှုအစီအစဉ်ကို အလုပ်သမား၊ လူဝင်မု့ှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် ဒိန်းမတ်နိုင်ငံမှ အလုပ်သမားဝန်ကြီး Mr. Jorn Neergaard
Larsen တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယနေ့ စတင်လိုက်ပြီဖြစ်သည်။

ဤအစီအစဉ်ကို ၂၀၁၈ ခုနှစ်အထိ လုပ်ဆောင်မည်ဖြစ်ပြီး လူ့မှု့ရေးဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ရာတွင် မြန်မာ
အလုပ်သမားများနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ(လူ့မှု့ရေးလုပ်ဖော်ကိုင်ဖက်များ)နှင့် အစိုးရ စသည်တို့၏ လုပ်ကိုင်မှုစွမ်းရည်
တိုးမြှင့်လာစေရန်အတွက် ဆောင်ရွက်ပေးရန် ရည်ရွယ်သည်၊ ထိုနည်းဖြင့် နိုင်ငံတွင် စက်မှုလုပ်ငန်းနှင့်ဆိုင်သည့် ဆက်ဆံရေး၊
စီးပွားရေးပတ်ဝန်းကျင်နှင့် အလုပ် လုပ်ကိုင်သည့် အခြေအနေများ တိုးမြင့်လာမည်ဖြစ်သည် ဟု မြန်မာနိုင်ငံရှိ ဒိန်းမတ်သံရုံး၏
ကြေငြာချက်တွင် ဖော်ပြထားသည်။

အစီအစဉ်အား ဆီဒိုးနားဟိုတယ်တွင် စတင်ပြုလုပ်ခဲ့ပြီး အစီအစဉ်နှင့် ပတ်သတ်သည့် နားလည်မှု သဘောတူစာချုပ်မူကြမ်းကို
၎င်းတို့၏ ဒိန်းမတ်ဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ ဒိန်းမတ် စက်မှုလက်မှုလုပ်ငန်း အဖွဲ့အစည်းများနှင့် LO/FTF ကောင်စီ တို့နှင့်
အတူ မြန်မာအလုပ်ရှင် ကိုယ်စားလှယ်များ(UMFCCI) နှင့် အလုပ်သမားကိုယ်စားလှယ်များ (CTUM, AFFM-IUF နှင့် MICS)
စသည်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

“အလုပ်သမားစျေးကွက် ကြီးထွား မြင့်တက်လာစေရေးနဲ့ ပတ်သတ်ပြီး အတွေ့အကြုံများကို ဝေမျှခွင့်ရတဲ့အတွက် ဒိန်းမတ်နိုင်ငံ
အနေနဲ့ အလွန်ပဲ ကျေနပ် ဝမ်းမြောက်မိပါတယ်၊ ထိုသို့ ဝေမျှခြင်းအားဖြင့် လူမှု့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အကူအညီပေး
နိုင်ပါတယ်”ဟု ဒိန်းမတ် အလုပ်သမားဝန်ကြီး Mr. Larsen ကပြောကြားခဲ့သည်။