ပျားမွေးမြူရေး စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းမည်

...

ပျားမွေးမြူရေး စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းမည်

Myanmar Times, 22 Nov 2016

URL: http://www.mmtimes.com/index.php/business/23818-bee-pasture-management-committees-to-be-formed.html
ပြည်ပပို့ကုန် ၅၀ရာခိုင်နှုန်းလျော့ကျလာခြင်းနှင့် ပျားမွေးသူများနှင့် မြေပိုင်ရှင်များအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်၍
စိုက်ပျိုးရေးဝန်ကြီးဌာနမှ နိုင်ငံတဝှမ်းတွင် ပျားမွေးမြူရေး စီမံခန့်ခွဲရေး ကော်မတီများ ထားရှိမည်ဖြစ်သည်။

နေပြည်တော်၌ နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး၌ ကော်မတီသစ်များအတွက် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ
နှင့် ပတ်သတ်၍ စည်းဝေးလုပ်ဆောင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်ဇံထွေးက သတင်း
ထောက်များကို ပြောကြားခဲ့သည်။

“စည်းမျဉ်းစည်းကမ်းတွေ ဆွဲဖို့အတွက် ကျွန်တော်တို့ ပျားမွေးမြူသူတွေနဲ့အတူ ပျားမွေးမြူရေး စီမံခန့်ခွဲရေး ကော်မတီတွေကို ဖွဲ့စည်းပါမယ်”ဟု
သူကပြောခဲ့သည်၊ စက်မှုလုပ်ငန်းသည် သဘောတူညီမှု စံချိန်စံနှုန်းများ လျော့နည်းလာသောကြောင့် ကျဆင်းသွားခြင်းဖြစ်ကြောင်း ၎င်းမှ ထပ်
ပေါင်းပြောကြားခဲ့သည်။

ပျားမွေးမြူခြင်းကို ကချင် ၊ ကယား ၊ ကရင် ၊ ရှမ်းပြည်နယ်များနှင့် နေပြည်တော်အပါအဝင် မန္တလေး ၊ ရန်ကုန် ၊ ပဲခူး ၊ စစ်ကိုင်း နှင့် မကွေးတိုင်း
များတွင် မွေးမြူကြသည်။ ပျားမွေးမြူရေး စီမံခန့်ခွဲရေး ကော်မတီများကို ထိုနေရာဒေသ တစ်ခုစီတွင်ဖွဲ့စည်းထားရှိမည်ဖြစ်ပြီးသက်ဆိုင်ရာမွေးမြူ
ရေးဌာနများက ကျောထောက် နောက်ခံပြုမည်ဖြစ်သည်။

နိုင်ငံတွင် ပျားအုံ တစ်သိန်းလေးသောင်းနှင့်အတူ ပျားမွေးမြူသည့် လယ်သမား (၉၀၀) ခန့်ရှိသည်။ ယမန်နှစ်က ပျားရည် ၄၀၀၀ မှ ၅၀၀၀ကီလို
ဂရမ်အတွင်း ထုတ်လုပ်နိုင်ခဲ့ပြီး ၂၅၀၀ ဂရမ် ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်၊ အဓိကအားဖြင့် တရုတ်နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ အမေရိကန်ပြည်ထောင်စုနှင့်
အခြားနိုင် ငံအနည်းငယ်သို့ တင်ပို့ခဲ့သည်။ သို့သော်လည်း ပျားမွေးမြူသူများသည် ယခုနှစ်တွင် ဆုံးရှုံးမှုများကြုံတွေ့နိုင်သည်
ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သတိပေးခဲ့သည်။

"မြန်မာနိုင်ငံမှာ ပျားမွေးမြူရေး နည်းပညာတွေက အခြားနိုင်ငံတွေ အသုံးပြုတာတွေနဲ့ သိပ်မကွာခြားပါဘူး " ဟု ဦးအောင်ဇော်ထွေးကပြောပြ
ခဲ့သည်။ တကယ့်အရေးကြီးတာကတော့ ထုတ်ကုန်တွေ တိုးတက်မှုအလိုက် ပျားအရည်အသွေးကောင်းဖို့ပါ ။ မြန်မာနိုင်ငံကအဓိကအားဖြင့်ပျား ရည်ထုတ်လုပ်ပြီးတော့ တရုတ်နဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေကတော့ အဓိကအားဖြင့် ပျားရည်နို့ထုတ်ပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်ကို
တိုးမြှင့်ဖို့လိုအပ်ပါတယ်။ ”

နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပျားမွေးသူများနှင့် မြေပိုင်ရှင်များအတွင်း အထင်အမြင် လွဲမှားမှုများကိုလည်း
ဖြေရှင်းပေးခဲ့သည်။

ပြည်တွင်း ပျားရည်စျေးနှုန်းမှာ ပိဿာ ၁၉၀ လျှင် သုံးသိန်းကျပ်ရှိသည် ( တစ်ပိဿာသည် ၁.၆ ကီလိုဂရမ် သို့မဟုတ် ၃.၅ ပေါင် နှင့်ညီမျှသည်)။
ပြည်ပ ဝယ်ယူသူများထံမှ အမှာနှုန်း ကျဆင်းသွားသောကြောင့်ဟု ယူဆသူ ဦးညွန်းဝင်းက ယမန်နှစ်က ကျပ်ခြောက်သိန်းရရှိခဲ့သည် ဟု ပြောပြ
ခဲ့သည်။ “ပျားစီးပွားရေးလုပ်ငန်းရှင်တွေက ယခုနှစ်မှာ အရှုံးပေါ်နိုင်ပါတယ် ”ဟု သူကပြောခဲ့သည်။