ဒုက္ခသည်နှင့် ရွှေ့ပြောင်းကျောင်းသား(၅၀)ဦး အမေရိကန်၏ အွန်လိုင်းတက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်ရမည်

Burma News International, 28 Nov 2016
URL: http://www.bnionline.net/news/mon-state/item/2527-uopeople-offers-50-scholarships-to-burmese-refugees.html
အမေရိကန်နိုင်ငံမှ ဖွင့်လှစ်ထားသည့် University of The People(UoP) အွန်လိုင်းတက္ကသိုလ်ကို ထိုင်း -မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများနှင့် မြန်မာရွှေ့ပြောင်းကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၅၀)ဦးအား ပညာသင်ဆုပေးသွားရန် နိုဝင်ဘာလ(၂၃)ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းဟောင်းတွင် မိတ်ဆက်ရှင်းလင်းသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆင့်မြင့်ပညာရေးစနစ်ကို သွားရောက်ပညာသင်ကြားရန် လက်လှမ်းမမီနိုင်သည့် မြန်မာဒုက္ခသည်စခန်း(၉)ခုနှင့်ရွှေ့ပြောင်းကျောင်းသား၊ကျောင်း
သူများအတွက် ပညာရေးလက်လှမ်းမီနိုင်ရန်ရည်ရွယ်၍ UoP အွန်လိုင်းတက္ကသိုလ်ဥက္ကဌ Mr. ShaiReshef ကိုယ်တိုင်လာရောက်ပြောဆိုသွား
ခဲ့ခြင်းဖြစ်သည်။ အဆိုပါအွန်လိုင်းတက္ကသိုလ်ကို နိုင်ငံတစ်နိုင်ငံ၏ အထက်တန်းအောင်မြင်ထားသည့် မည်သည့်ကျောင်းသား၊ကျောင်းသူမဆိုတက်
ခွင့်ရမည်ဖြစ်ပြီး MBA မာစတာဘွဲ့ ၊ ကွန်ပြူတာသိပ္ပံဘွဲ့၊ကျန်းမာရေးသိပ္ပံဘွဲ့နှင့်စီးပွားရေးစီမံခန့်ခွဲမှုသိပ္ပံဘွဲ့များကိုသင်ကြားခွင့်ရရှိမည်ဟုသိရသည်။
လက်ရှိထိုကျောင်းတွင် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ကို တက်ရောက်သင်ကြားနေသူ ဒင်ဂိုက "ဒီကျောင်းကလွတ်လွတ်လပ်လပ်ပဲ၊ ဘာအတားအ
ဆီးမှမရှိဘူး၊ နိုင်ငံတကာမှာလည်း ဒုက္ခသည်တွေ အများကြီးပဲ၊ကျောင်းကို ဆက်မတက်နိုင်တော့တဲ့သူတွေအတွက် ကျောင်းကိုဆက်တက်ရမယ့်ဘွဲ့
တစ်ခုခုရမယ်၊ အခြေအနေ အကြောင်းတစ်ခုခုကြောင့် မတက်နိုင်တဲ့ကျွန်တော်တို့လိုသူတွေအနေနဲ့ တအားကိုက်တာပေါ့" ဟု ပြောသည်။
အမေရိကန်နိုင်ငံအစိုးရနှင့် အမေရိကန်ပညာရေးအသိုင်းအဝိုင်းတွင် အသိအမှတ်ပြုခံထားရသည့် University of The People တက္ကသိုလ်ကို
Mr.ShaiReshe က ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရုံးချုပ်အခြေစိုက်ထားကာ
နိုင်ငံတကာရှိ ကျောင်းသား၊ကျောင်းသူပေါင်းများစွာ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်ဟု သိရသည်။