NLD အစိုးရအဖွဲ့ ၂၀၁၇ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းနိုင်ဖွယ်ရှိ

Myanmar Times, 30 Dec 2016
URL: http://www.mmtimes.com/index.php/national-news/24378-nld-s-reconciliation-cabinet-may-be-due-for-a-2017-reshuffle.html
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အစိုးရသက်တမ်း ၉ လကြာပြီးနောက် သူမအကျေနပ်ဆုံးအရာမှာမည်
သည့်အရာဖြစ် သနည်းဟုမကြာသေးမီကမေးမြန်းကြည့်သောအခါ သူမကရိုးရှင်းစွာ တုံ့ပြန်လိုက်သည် “ ဘာပဲပြောေပြာကျွန်မ
ဝန်ကြီးတွေက လာဘ်မစားဘူးလေ..”။
ဒီဇင်ဘာလ(၈)ရက်နေ့ Channel NewsAsia နှင့် တွေ့ဆုံမေးမြန်းရာ၌ ဒေါ်အောင်ဆန်းစုကြည်မှ အစိုးရဝန်ထမ်းအရာရှိငယ်အ
ချို့သည် ကျွန်မတို့ သူတို့ကို ဘာဖြစ်စေချင်တယ်ဆိုတာကို သဘောမပေါက်ကြဘူး၊ ကျွန်မတို့နိုင်ငံမှာ လာဘ်စားတဲ့ ထုံးစံကကြာ
ကြာ စွဲမြဲနေမှာ မဟုတ်ဘူး၊ လာဘ်မစားကြဖို့ အမြဲတိုက်တွန်းနေကြောင်း သူမက ပြောကြားခဲ့သည်။
NLD ဦးဆောင်သည့် အစိုးရသည် ဝန်ကြီးဌာနများကို လျော့ချပစ်ခဲ့သည်၊ ဝန်ကြီးများကို ၃၆ ဦးမှ ၂၂ ဦးအထိ လျော့ချခဲ့သည်။
အထူးသဖြင့် ဝန်ကြီးဌာန ၃ ခုဖြစ်သည့် ကာကွယ်ရေး၊ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့မှာ အရပ်သားအစိုးရ
ထိန်းချုပ်မှုအောက်တွင်မရှိပဲ တပ်မတော်လက်အောက်တွင် ရှိနေဆဲဖြစ်သည်။
သို့သော်လည်း NLD အစိုးရအဖွဲ့ ရာထူးခန့်အပ်ခြင်းတွင် ရှုံ့ချပုတ်ခတ်သူများက တချို့သော ကိုယ်စားလှယ်လောင်းများနှင့်ပတ်
သတ်သည့် အရည်အချင်း မပြည့်ဝမှု နှင့်၎င်းတို့အား စိစစ်ရွေးချယ်သော လုပ်ငန်းစဉ်များကို မေးခွန်းထုတ်မှုများရှိခဲ့သည်။ တချို့
သောသူများ၏ ပညာရေးအရည်အချင်းမှတ်တမ်းများမှာကောလိပ်ကျောင်းအတုများနှင့် ဘွဲ့များချဲ့ကားထားသည်ဟု ဆိုကြသည်။
“ အစိုးအဖွဲ့ ဖွဲ့စည်းဖို့အတွက် သင့်တော်တဲ့ သူတွေကို ရရှိဖို့ တကယ့်ကို ခက်ခဲပါတယ်၊ နောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက်ချဖို့ အ
ချိန်အများကြီး ယူခဲ့ရပါတယ်” ဟု အစိုးရဖွဲ့စည်းပုံနှင့်ပတ်သတ်၍ မေးခဲ့စဉ်က ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က မြန်
မာတိုင်မ်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ အစိုးရအဖွဲ့ရွေးချယ်ရာ၌ ဦးဝင်းထိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ ဗဟိုကော်
မတီဝင် ၅ ဦးပါဝင်ခဲ့ကြသည်။
တချို့က စိန်ခေါ်မှုတွေကို ကြောက်ကြတာနဲ့ တချို့က အရင်အစိုးရနဲ့ အနီးကပ်ဆက်ဆံရေးရှိတာကြောင့် သူတို့ကို မခန့်ခဲ့ကြောင်း
ဦးဝင်းထိန်ကပြောပြခဲ့သည်။
ကိုးလအတွင်းတွင် ဝန်ကြီးများနှင့် ဒုဝန်ကြီးများသည် နောင်ငါးနှစ်အတွင်း အကောင်အထည်ဖော်လုပ်ဆောင်ရမည့်အလုပ်များနှင့်
ပတ်သတ်သည့် ရှင်းလင်းပြတ်သားမှုရှိမည့် မူဝါဒများ ချမှတ်ရမည့်အစား ၎င်းတို့၏ တာဝန်နှင့်ဝန်ကြီးဌာန၏လုပ်ကိုင်ဆောင်ရွက်
မှုများကို သင်ယူလေ့လာနေကြဆဲဖြစ်သည်။
နိုဝင်ဘာလတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းထွန်းအား တာဝန်မှရပ်စဲခြင်းအပေါ် ပွင့်
လင်းမြင်သာမှုရှိရန် အစိုးရအား မေးခွန်းထုတ်ခဲ့သည်။ ၎င်းသည် သမ္မတဦးထင်ကျော်လက်ထက်တွင်ပထမဦးဆုံးအကြိမ်တရားဝင်
ထုတ်ပယ်ခံရသူ တစ်ဦးဖြစ်လာသည်၊ အကြောင်းမှာ ၎င်း၏ အထက်အရာရှိနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသောကြောင့်ဖြစ်သည်။