ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ထားရှိမည်

...

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ထားရှိမည်

MITV News, 01 Feb 2017

URL: http://www.myanmarinternational.tv/news/election-campaign-campaigning-period-permitted-60-days
ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများအတွက် နေ့ရက်နှင့်အချိန်ကို ထုတ်ပြန်ကြေငြာခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဧပြီလ ၁ ရက်နေ့ ၂၀၁၇ ခုနှစ်တွင်ဖြစ်သည်။ UEC ၏ ထုတ်ပြန်ကြေငြာချက်အရ ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးရန် ရက် ၆၀ သတ်မှတ်ပေးခဲ့ပြီး
စည်းရုံးရေးကာလမှာ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၇ ခုနှစ် မှ မတ်လ ၃၀ ရက်နေ့ ည ၁၂ နာရီအထိဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလအတွင်း ပြိုင်ပွဲဝင်ပါတီများ၏ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအား ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်ရေဒီယိုများတွင်
၎င်းတို့ ၏ မူဝါဒနှင့် အစီအစဉ်များကို တင်ပြခွင့်ပေးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်အရ နိုင်ငံရေးပါတီ ၂၄ ခုတွင် ကိုယ်စားလှယ်လောင်း ၈၈ ဦး နှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦး တို့မှ နိုင်ငံတဝှမ်းရှိ လစ်လပ်
နေသော မဲဆန္ဒနယ်မြေ ၁၉ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။