ထိုင်းကုမ္ပဏီမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်မည်

...

ထိုင်းကုမ္ပဏီမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်မည်

Democratic Voice of Burma, 07 Feb 2017

URL: http://www.dvb.no/news/thai-developer-seeks-update-dawei-plan/73977
ထိုင်းကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်ရေး Plc(ITD)က ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပူးတွဲကျင်းပသည့်အစည်းအဝေး၌ မြန်မာအစိုးရနှင့်ထိုင်းအစိုးရတို့မှ ကြီးမားသည့်စီမံကိန်းကို
ဆက်လက်လုပ်ဆောင်ရန် အတည်ပြုပါက ၎င်းတို့အနေဖြင့် ကြန့်ကြာနေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေးလုပ်ငန်းများကို ပြန်လည်စတင်ရန်အဆင့်သင့်ရှိ
နေပြီဖြစ်ကြောင်း ပြောခဲ့သည်။

ITD ဥက္ကဌဖြစ်သူ Premchai Karnasuta က ထိုင်းမှ မြန်မာအား လမ်းဆောက်လုပ်ရန်အတွက် ချေးငွေ ဘတ်(၄.၅)ဘီလီယမ်(ဒေါ်လာ ၁၂၈သန်း)အပါအဝင် နှစ်ဖက်အစိုးရမှ စီမံကိန်းအား အမှန်
တကယ် ဆက်လက်ဆောက်ရွက်ရန် ရှိမရှိ ဆုံးဖြတ်ချက်ကို ကုမ္ပဏီမှ စောင့်ဆိုင်းနေကြောင်း ပြောခဲ့သည်။

“ နှစ်ဖက်အစိုးရက သဘောတူညီမှု ရရှိတာနဲ့ ကုမ္ပဏီက လအနည်းငယ်အတွင်းမှာပဲ ဆောက်လုပ်ရေးကို ပြန်လည်စတင်နိုင်ပါပြီ ” ဟု Premchai ကပြောသည်။ ITD အနေဖြင့် ဆောက်လုပ်ရေးကို
ဖြစ်နိုင်သမျှမြန်မြန် အရှိန်အဟုန်တိုး ဆောက်လုပ်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့မှ ကတိပေးခဲ့ကြောင်းပြောပြခဲ့သည်။

ITD သည် ကနဦးရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်ငွေ ဒေါ်လာ(၁.၇)သန်းဖြင့် စီမံကိန်း၏ပထမအဆင့်ကို စတင်လုပ်ဆောင်ရန် ယမန်နှစ် သြဂုတ်လတွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ ဒေါ်
လာ သန်း(၅၀၀)ကို ဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်စက်ရုံအတွက် အသုံးပြုမည်ဖြစ်သည်။

ITD သည် ထားဝယ်စက်မှုဇုန်ရှိ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်နေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်စက်ရုံတွင်လည်း နောက်ထပ်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားရန် စီစဉ်နေသည်။

နောက်ထပ်ဒေါ်လာ သန်း ၅၀၀အား ထားဝယ်ရှိ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေနံဓာတုပစ္စည်းစက်ရုံ၊ ရေနံချက်စက်ရုံနှင့်ပတ်သတ်၍ အသုံးပြုမည်ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် စက်မှုဇုန်နယ်မြေများ၊ ဆိပ်ကမ်းငယ်၊ ရေပံ့ပိုးပေးခြင်း၊ လျှပ်စစ်မီးနှင့် ထိုင်းနယ်စပ်မှ တနင်္သာရီဒေသအထိ လမ်းဖောက်လုပ်ခြင်းအတွက် ကုန်ကျစရိတ် စသည်တို့အပါအဝင် စီမံ
ကိန်းကနဦးအစတွင်ပင် ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံပြီးပြီဖြစ်ကြောင်း ပြောခဲ့သည်။