ထိုင်းနိုင်ငံရှိ အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးမည်

...

ထိုင်းနိုင်ငံရှိ အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးမည်

The Irrawaddy, 08 Feb 2017

URL: http://www.irrawaddy.com/news/burma/certificates-of-identity-to-be-issued-to-migrant-workers-in-thailand.html
ချင်းမိုင်၊ ထိုင်းနိုင်ငံ------ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၎င်းတို့သည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်မည့် စာရွက်စာတမ်းတစ်ခုဖြစ်သော မည်သူမည်ဝါ
ဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)ကို ယခုလတွင် စတင်ထုတ် ပေးတောမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ နေရာအမျိုးမျိုးတွင် တည်ရှိသည့် စင်တာ(၆)ခုတွင် ထုတ်ပေးသွားမည်ဖြစ်
သည်။

CI ဝန်ဆောင်မှုစင်တာများကို ထိုင်းနိုင်ငံမြောက်ပိုင်းတွင်နေထိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းမြန်မာနယ်စပ်ပေါ်ရှိ မယ်ဆိုင်တွင် မကြာမီဖွင့်လှစ်တော့မည်
ဖြစ်ပြီး ၊ တက်ခ်ခရိုင်ရှိ မဲဆောက်နှင့် ရနောင်းနှင့် ဆတ်မဲ့ဆတ်ခွန်ခရိုင်တို့တွင်လည်း အလားတူဖွင့်လှစ်သွားမည်ဖြစ်ဟု ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် ဦး
စန်းကျော်သူက ပြောခဲ့သည်။ ဘန်ကောက်ပြင်ဘက်ရှိ မဟာချိုင်တွင် စင်တာ ၂ နှစ်ခုလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

တရားဝင်စာရွက်စာတမ်းများမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအား CIs ထုတ်ပေးသည့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်သည့် ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်
ဖြူးပေးရန် ရည်ရွယ်၍ ထိုင်းနှင့် မြန်မာအာဏာပိုင်များသည် ချင်းမိုင်တွင် ဗုဒ္ဓဟူးနေ့၌ ထိုင်းနိုင်ငံ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဦးဆောင်ကျင်းပသည့်
အလုပ်ရုံဆွေးဆွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ထိုင်းအလုပ်ရှင်နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ ၊ရှေ့နေများနှင့် မြန်မာကောင်စစ်ဝန်ရုံးမှကိုယ်စားလှယ်များနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့
ပြောင်းအလုပ်သမားများကြုံတွေ့နေရသည့် အမျိုးမျိုးသောပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း ဦးစန်းယုကျော်က ပြောခဲ့သည်။

ထိုင်းနှင့် မြန်မာအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံ၌ အလုပ်လုပ်စဉ်အတောအတွင်း တရားဝင်လက်မှတ်များကုန်ဆုံးပါက မည်သို့ဆက်လက်ဆောင်ရွက်ရမည်
နှင့်ပတ်သတ်၍ ညှိနှိုင်းနေဆဲဖြစ်သည်၊
မည်သို့သောလက်မှတ်ကိုင်ဆောင်ထားသူများသာ CI လျှောက်ထားနိုင်သည်ဆိုသည်ကို ရှင်းလင်းမှုရှိသေးပေ။