လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဖြေရှင်းချက်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ဟု သမ္မတ ပြောကြား

...

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဖြေရှင်းချက်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ဟု သမ္မတ ပြောကြား

Mizzima, 13 Feb 2017

URL: http://www.mizzima.com/news-domestic/building-democratic-federal-union-solution-resolve-armed-conflicts-president
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးအတွက် အဓိကဖြေရှင်းချက်မှာ ဒီမိုကရေစီဖက်ရယ် ပြည်ထောင်စု တည်ထောင်ရေးသာ
ဖြစ်ကြောင်း သမ္မတဦး ထင်ကျော်က ပြောကြားခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် နှစ်(၇၀)မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ သမ္မတဦးထင်ကျော်မှ ပေးပို့သော သဝဏ်လွှာအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြည်
ထောင်စုနေ့အခမ်းအနားတွင် ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

" ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရဲ့ အရင်းခံဟာ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ အချင်းချင်း အပြန်အလှန် ညှိနှိုင်းတိုင်ပင်ပြီး ပြည်
ထောင်စုကြီးတစ်ရပ် တည်ဆောက်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ဟာ ပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာမှုမရှိဘဲ ၊ ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်မှုမရှိဘဲ ဒီမိုကရေစီဖက်ဒ
ရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ပါ " ဟု သမ္မတဦးထင်ကျော်က ပြောကြားခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးနှင့် စီးပွားရေး ဒွန်တွဲလျက်ရှိပြီး စီးပွားရေးမူဝါဒကို အခြေခံသည့် အုတ်မြစ်များထဲမှ အရေးကြီးဆုံးအချက်တစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး
သာဖြစ်ကြောင်း သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

လက်ရှိ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပတ်သတ်၍ ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်တွင် ပြုလုပ်သည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်မှတ်ရေးထိုးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတပေးပို့သည့် ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက် ၄ ရပ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်နိုးကြားရှင်သန်ရေး၊ အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာအောင်
တည်ဆောက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ပြည်သူများ၏ လူမှုဘဝတိုးတက်မြင့်မားရေး စသည့် အချက် ၄ ချက်ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်ကြရန်အတွက်လည်း တိုက်တွန်းပါရှိ
သည်။