ဘုရားသုံးဆူဂိတ်ပြန်လည် ဖွင့်လှစ်

...

ဘုရားသုံးဆူဂိတ်ပြန်လည် ဖွင့်လှစ်

Democratic Voice of Burma, 13 Feb 2017

URL: http://www.dvb.no/news/thailand-burma-link-three-pagodas-pass-reopened/74083
ပြီးခဲ့သည့်လက ပြန်ပေးဆွဲမှုဖြစ်ပွားပြီးနောက် ယာယီပိတ်ထားသည့် မြန်မာနိုင်ငံမှ ကန်ချနဘူရီသို့ ချိတ်ဆက်ထားသော မြန်မာနိုင်ငံထဲရှိ နယ်စပ်ဖြတ်သန်းရေးဂိတ် ဘုရားသုံးဆူဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဖြစ်ပွားခဲ့သော အဖြစ်အပျက်အား ထပ်မံမဖြစ်ပွားစေရန်အတွက် ကာကွယ်သွားမည်ဖြစ်ကြောင်း မြန်မာအာဏာပိုင်များမှ ကတိပြုပြီးနောက်ပိုင်းတွင် ဆန်ခလဘူရီခရိုင်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်သည့် မြန်မာနိုင်ငံနယ်စပ်
မြို့ဖြစ်သော ဘုရားသုံးဆူရှိ ဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင်များကဆုံးဖြတ်လိုက်ကြကြောင်း ခြေလျင်တပ်(၉)မှ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီး Banyong Thongnuam ကပြောကြားခဲ့သည်။

ထိုင်း၊ မြန်မာအာဏာပိုင်များသည် ပြည်သူလူထုအတွက် လုံခြုံရေးမြှင့်တင်ဆောင်ရွက်ပေးဖို့ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအတွင်း ဆက်ဆံရေးပိုမိုခိုင်မာအောင်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်။

ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ဘုရားသုံးဆူဂိတ်မျက်နှာချင်းဆိုင်ရှိ ဘုရားသုံးဆူစျေးတွင် ကရင်နယ်ခြားစောင့်တပ်(BGF) သည် ထိုင်းခရီးသွား(၃၇)ဦးကို ယာယီပြန်ပေးဆွဲခဲ့ပြီးနောက် ထိုင်းခရီးသွားများကို မြန်မာနိုင်ငံ နယ်စပ်
သို့မသွားရန် ယာယီပိတ်ပင်ထားခဲ့သည်။

ရဲ၊ စစ်တပ်အရာရှိများနှင့် ဒေသတွင်းအာဏာပိုင်များနှင့် BGF အတွင်း စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ခရီးသွားများကို ထိုညနေမှာပင် လွှတ်ပေးခဲ့ပြီး ထိုင်းနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ဇန်နဝါရီလ(၁၈)ရက်တွင် ထိုင်းဘက်ခြမ်း ဘုရားသုံးဆူ၌ အသက်မပြည့်သေးသည့်လိင်အလုပ်သမားများကို လူကုန်ကူးမှုတိုက်ဖျက်ရေးရဲများမှဖမ်းဆီးခဲ့သောကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း
သိရသည်။

နယ်စပ်တစ်လျှောက်တွင်နေထိုင်သည့် ဒေသခံ(၁၀၀)ကျော်သည် ခရီးသွားလမ်းညွှန်အဖြစ်လုပ်ကိုင်နေကြပြီး ခရီးသွားတစ်ဦးစီအတွက် လုပ်ခအဖြစ် တစ်ရက်လျှင်ဘတ်(၃၅၀)ရရှိသည်။