လမ်းမကြီးဖောက်လုပ်ရန်အတွက် မြန်မာအစိုးရက ချေးငွေ ဘတ်ငွေ(၄.၅)သန်း ယူရန်သဘောတူ

...

လမ်းမကြီးဖောက်လုပ်ရန်အတွက် မြန်မာအစိုးရက ချေးငွေ ဘတ်ငွေ(၄.၅)သန်း ယူရန်သဘောတူ

Bangkok Post, 15 Feb 2017

URL: http://www.bangkokpost.com/business/news/1198633/
ထားဝယ်ပင်လယ်ရေနက်ဆိပ်ကမ်းမှ ကန်ချနဘူရီရှိ ဘန်ဖုနမ်းဆီသို့ (၁၃၂)ကီလိုမီတာအရှည်ရှိသည့် လမ်းမကြီး ဖောက်လုပ်ရန်အတွက် မြန်မာအစိုးရက ထိုင်းနိုင်ငံမှ ချေးငွေ ဘတ်(၄.၅)သန်း
ချေးယူရန် သဘောတူညီပြီဖြစ်သော ကြောင့် ထားဝယ်အထူးစီးပွားရေးစက်မှုဇုန် စီမံကိန်းများ ရှေ့လျှောက်ပြန်လည် ဦးမော့လာတော့မည်ဖြစ်သည်။

ယမန်နေ့သောကြာနေ့တွင် မြန်မာအရာရှိများနှင့်တွေ့ဆုံခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သော ပို့ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith က မြန်မာအစိုးရသည် ဆယ်နှစ်
ကာလအတွင်း အတိုးနှုန်း( ၀.၁)ရာခိုင်နှုန်းပေးရန်
သဘောတူညီခဲ့ပြီး နှစ်(၂၀)ကြာမှပြန်ဆပ်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရသည် ၂၀၁၅ ခုနှစ်တွင် ချေးငွေပေးရန် ကနဦးကမ်းလှမ်းခဲ့သည်။

ထိုင်းအစိုးရသည် ချေးငွေအစီအစဉ်ကို အတည်ပြုပေးခဲ့သော်လည်း လမ်းမကြီးဆောက်လုပ်ရေးသည် အစိုးရသစ်လက်ထက်တွင် စီမံကိန်းအား ပြန်လည်လေ့လာမည်ဟု တောင်းဆိုလာမှုကြောင့်
နှောင့်နှေးကြန့်ကြာခဲ့သည်။

ကာလကြာရှည်စွာကြန့်ကြာနေသည့် ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ဆောင်မှုသည် ဆက်လက်လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး မြန်မာနှင့်ထိုင်းသည် ထားဝယ်စက်မှုဇုန်အား အရှေ့တောင်အာ
ရှတွင် အကြီးမားဆုံးစက်မှုဇုန်နှင့် အကြီးမားဆုံး ကုန်သွယ်ဇုန်ဖြစ်လာစေရန် ရည်ရွယ်၍ စီမံကိန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၀၈ ခုနှစ်တွင် နှစ်ဦးနှစ်ဖက်ပါဝင်သည့် နားလည်မှုစာချွန်လွှာတစ်
စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

ရိုင်(၁၂၀၀၀)တွင် (၁၈၀၀၀)ရိုင်အား အသေးစားစက်မှုလုပ်ငန်းများလုပ်ဆောင်ရန်အတွက် စက်မှုနယ်မြေတစ်ခုအဖြစ်သတ်မှတ်ပေးရန် မြန်မာအစိုးရမှ တောင်းဆိုခဲ့သည်၊ မြန်မာအစိုးရသည် ဒေသ
တွင်းအလုပ်သမားများအတွက် အလုပ်အကိုင်များဖန်တီးပေးရန် ရည်ရွယ်သည်။