ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဖြတ်သန်းသွားလာနိုင်ပြီ

Mon News Agency, 29 Apr 2017
URL: https://monnews.org/2017/04/28/after-months-of-controversy-general-aung-san-bridge-quietly-opens/
သံလွင်တံတား(ချောင်းဆုံ)စီမံကိန်းနာမည်ဖြင့် တည်ဆောက်ခဲ့သည့် တံတားအား ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက်စောစောပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)အမည်ပြောင်းလဲ
ဆိုင်းဘုတ်တင်ပြီးနောက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် စတင်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)အား ဧပြီလ ၂၆ ရက်နေ့တွင် ကုန်တင်ကားကြီးများအားဖြင့် တံတားခံနိုင်ဝန် စမ်းသပ်ခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ
နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ တံတားပေါ် ယာယီဖြတ်သန်းခွင့်ပြုသွားမည်ဟု တံတားတည်ဆောက်ရေးအမှတ်(၄)မှ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က ပြောသည်။
ဦးသိန်းမြင့်မွန်က “ အခုကတော့ စမ်းသပ်ကာလမှာ ဖြတ်ခိုင်းတာလေ၊ ဒါ ဝန်စမ်းသပ်တဲ့ကာလလေ၊ ပထမရက်မှာ ကားကြီးနဲ့ စမ်းသပ်တယ်၊ အခုလူတွေနဲ့ တကယ်သွားလာ စမ်းသပ်ကာလပေါ့
နော်၊ တံတားဖွင့်ပြီးမှပဲ အများပြည်သူ အသုံးပြုသွားမှာလေ” ဟု ပြောသည်။
သို့ရာတွင် မည်သည့်နေ့ရက်တွင် မည်ကဲ့သို့တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ဘီလူးကျွန်းဒေသခံ ဦးခိုင်မာ က “ ကျွန်တော်တို့ အင်မတန်ချစ်ခင်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တံတားအမည်တပ်ကာ မကောင်းဘူးပေါ့နော်၊ ဒါက ဒေသခံတွေအများစု ခံစားရတဲ့ ခံစား
ချက်ပေါ့၊ နောက်ဒေသခံတွေ ဆန္ဒထုတ်ဖော်နေရင်းနဲ့ အခုလိုလုပ်သွားတာကတော့ ဒေသခံတွေရဲ့ ဆန္ဒကို လစ်လျူတဲ့ သဘောသက်ရောက်နေတယ် ” ဟုပြောသည်။
အဆိုပါတံတားအား ယခင်သံလွင်တံတား(ချောင်းဆုံ)အမည်နာမဖြင့် ပြန်လည်သတ်မှတ်ပေးရန် ဒေသခံများက ဆန္ဒပြုလက်မှတ်ရေးထိုးလျှက်ရှိရာ ယနေ့တွင် လက်မှတ် ၁ သိန်း ၂ သောင်းကျော်
ရရှိခဲ့ပြီး ယင်းလက်မှတ်များကို တိုင်းရင်းသားရေးရာဝန်ကြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပေးပို့သွားမည်ဟု သိရသည်။
အလားတူ ဧပြီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီက နိုင်ငံတကာအသိုင်းအဝိုင်းသို့ မွန်တိုင်းရင်းသားတို့၏ တောင်းဆိုချက် ၃ ချက်ကို အိတ်ဖွင့်
စာပေးပို့ တောင်းဆိုထားခဲ့သည်။
အဆိုပါတံတားသည် အရှည် ၁၇၅၉ ပေ ၊ အကျယ် ၆၄ ပေ ၊ မုပွန်ချဉ်ကပ်တံတား ၆၈၉ ပေ နှင့် ကညှော်ချဉ်းကပ်တံတား ၂၇၅၆ ပေရှိပြီး သမ္မတဦးသိန်းစိန်လက်ထက်က သံလွင်တံတား(ချောင်းဆုံ)
စီမံကိန်းအမည်မှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့၌ စတင်ပန္နက်ချတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားပြီးစီးသည့် NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု တံတားအမည်
ပြောင်းလိုက်ခြင်းဖြစ်သည်။