တနင်္သာရီဒေသရှိ ကလေး(၄၈၀၀)ကျော် မွေးစာရင်းလက်မှတ်ရရှိမည်

Eleven Myanmar, 02 May 2017
URL: http://www.elevenmyanmar.com/local/9163
တနင်္သာရီတိုင်းဒေသကြီးအစိုးရသည် နေပြည်တော်ရှိ ပြည်သူ့ကျန်းမာရေးဌာနအား ထိုင်းနိုင်ငံတွင် မွေးဖွားသည့်ကလေး (၄၈၀၀) ကျော်အတွက် မွေးစာရင်းထုတ်ပေးရန် တောင်းခံထားကြောင်း သိရသည်။
ရွှေပြောင်းမိဘများသည် ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားကာ ၎င်းတို့၏ကလေးများသည် အသက် ငါးနှစ်အောက်ရှိကြသည်။ မိဘများမှ ဌာနတွင် မွေးစာရင်းလက်မှတ်လက်ရောက်လျှောက်ထားကြသည်။
ဒေသကြီးကျန်းမာရေးဌာနဦးစီးမှူးဖြစ်သူ ဒေါက်တာကျော်ဇေယျက “ပုံမှန်အားဖြင့်ဆိုရင်တော့ သံရုံးကနေတဆင့် လျှောက်ရတာပါ ဒါပေမယ့် ဘယ်သူမှအဲ့လိုမလျှောက်ကြဘူး။ ကလေးတွေ သူတို့အခွင့်အရေးအပြည့်အဝရရှိဖို့အတွက် မွေးစာရင်းလက်မှတ်လိုအပ်ပါတယ်” ဟုပြောသည်။
ကလေးများမှာ ဒေသကြီးရှိ မြို့နယ်(၁၀)မြို့နယ်အတွင်းမှ ဖြစ်သည်။ လောင်းလွန်မြို့နယ်တွင် စုစုပေါင်း(၁၈၀၃)ဦးရှိသည်။