လက်ရှိဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေးအတွက် ချေးငွေကျပ်(၂၀၀၀)ဘီလီယမ်ချေးမည်

...

လက်ရှိဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေးအတွက် ချေးငွေကျပ်(၂၀၀၀)ဘီလီယမ်ချေးမည်

The Global New Light of Myanmar, 02 May 2017

URL: http://www.globalnewlightofmyanmar.com/about-ks2000-billion-agricultural-loans-to-be-lent-in-current-fy/
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာနမှ ယခုနှစ်တွင် လယ်သမားများအား စိုက်ပျိုးရေးအတွက် ချေးငွေကျပ် ၁၉၈၀ ဘီလီယမ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ချေးငွေအား လယ်သမားများထံ အတိုးနည်းနည်းဖြင့် ယခုလတွင် ပေးမည်ဖြစ်သည်။

ဝန်ကြီးဌာန၏ဆောင်ရွက်ပေးမှုအောက်၌ စပါးစိုက်ပျိုးသူများအား လယ်တစ်ဧကလျှင် ငွေ (၁၅၀၀၀)ကျပ် ၊ ကောက်ပဲသီးနှံစိုက်ပျိုးသူများအား တစ်ဧကလျှင်(၅၀၀၀၀)ကျပ် လက်ခံရရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ လက်ထောက်အတွင်းရေးမှူးဖြစ်သူ ဦးမျိုးတင့်ထွန်းကပြောသည်။

၎င်းတို့၏ ချေးငွေစည်းကမ်းအရ ဝန်ကြီးဌာနမှ စပါးစိုက်ပျိုးမြေ ဆယ်ဧကအောက်လျော့နည်းသည့် လယ်သမားများအား မုတ်သုံရာသီအတွက် စိုက်ပျိုးချေးငွေကို ခွင့်ပြုပေးခဲ့သည်။ မုတ်သုံရာသီစိုက်ပျိုးရန်အတွက် ယခင်နှစ် ဘဏ္ဍာနှစ်က အတိုးနှုန်း ၈ ရာခိုင်နှုန်းဖြင့် စုစုပေါင်းချေးငွေကျပ် ၁၄၀၀ ဘီလီယံကို စိုက်ပျိုးထွန်ယက်သူများအားချေးပေးခဲ့သည်။

ယခုနှစ်တွင် စပါးစိုက်ပျိုးသူများတွက် ပစ်မှတ်ထားသည့်အမြတ်နှင့်ကိုက်ညီရန် အခက်အခဲရှိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဇွန်၊ ဇူလိုင်နှင့်သြဂုတ်လများတွင် ရာသီဥတုမမှန်သောကြောင့်ဖြစ်သည်။ ဆန်စျေးကျဆင်းခြင်းသည် ပြည်တွင်းထုတ်လုပ်သူများအပေါ် ဆိုးရွားစွာထိခိုက်ခဲ့သည်။

ထို့ကြောင့် သဘာဝဘေးရိုက်ခတ်မှုကြောင့် သတ်မှတ်ထားသည့်ကာလအတွင်း အစိုးရထံ ချေးငွေပြန်လည်ပေးသွင်းရန် အခက်အခဲရှိသူများကို ငွေပေးသွင်းရန်ကာလ တိုးပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေငြာခဲ့သည်။ စပါးတင်း(၁၀၀)လျှင် နှစ်စဉ် စျေးနှုန်းမှာ ပုံမှန်အားဖြင့် ကျပ် ၄သိန်းမှ ၆ သိန်းအတွင်းရှိသည်။ ယခုနှစ်တွင်မူ စျေးမှာ ၃ သိန်း ၅ သောင်းထိကျဆင်းသွားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ၎င်း၏ ၅ နှစ်တာ ဖွံ့ဖြိုးရေးစီမံကိန်းအောက်၌ နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းကို တိုးမြှင့်ရန် လုပ်ဆောင်နေသည်။ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အသေးစား၊အလတ်စားစိုက်ပျိုးရေးလုပ်ငန်းများ၌ လယ်သမားများကို ပါဝင်စေခြင်းအားဖြင့် ကျေးလက်စီးပွားရေးအခြေအနေ တိုးတက်စေရန် ရည်ရွယ်သည်။