ကချင် နှင့် “ဝ” အဖွဲ့ UNFC မှ နှုတ်ထွက်

...

ကချင် နှင့် “ဝ” အဖွဲ့ UNFC မှ နှုတ်ထွက်

DVB, 09 May 2017

URL: http://www.dvb.no/news/kachin-wa-armies-cut-ties-unfc/75426
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် “ဝ” အမျိုးသားအစည်းအရုံး(WNO) တို့သည် တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ နှုတ်ထွက်လိုက်ပြီဖြစ်သည်။

ဧပြီလ(၂၉)ရက်နေ့ လိပ်မူ၍ အတွင်းရေးမှူး လနန်းမှ လက်မှတ်ရေးထိုးထားသည့် နှုတ်ထွက်စာကို KIO မှ UNFC ထံသို့ တင်သွင်းခဲ့သည်ဟု ပအို့အမျိုးသားလွတ်မြောက်ရေးအစည်းအရုံး(PNLO)မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက
DVB သို့ပြောခဲ့သည်။

ထို့အပြင် WNO ကလည်း UNFC မှနှုတ်ထွက်သည့်စာကို ယခုလအစောပိုင်းတွင် ပေးပို့ခဲ့သည်။

တနင်္လာနေ့ဖြစ်သောကြောင့် UNFC သည် ထိုကိစ္စနှင့်စပ်လျဉ်း၍ တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။

တိုင်းရင်းသားရေးရာ အကဲဖြတ်သုံးသပ်သူတစ်ဦးဖြစ်သူ မောင်မောင်စိုးက “ KIO က UNFC ကနေနှုတ်ထွက်တယ်ဆိုပေမယ့်လည်း ကျန်တဲ့အဖွဲ့ဝင်တွေအနေနဲ့ NCA ထိုးမလား၊ မထိုးဘူးလားဆိုတာတော့ အတိအကျ မ
သိရသေးပါဘူး” ဟုပြောခဲ့သည်။

အစိုးရမှ ပင်လုံညီလာခံအား မေလ(၂၄)ရက်နေ့မှစ၍ (၅)ရက်တာ ကျင်းပရန် ကြေငြာခဲ့သည်။

KIO နှင့် WNO ထွက်ပါက ကျန်ရှိသည့် UNFC အဖွဲ့ဝင်များမှာ SSPP ၊ မွန်ပြည်သစ်ပါတီ(NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ လားဟူဒီမိုကရက်တစ်ပါတီ(LDU)နှင့် ရခိုင်အမျိုးသားကောင်စီ(ANC)
တို့ဖြစ်ကြသည်။