ကရင်ပြည်နယ် ဒေသဆိုင်ရာအဆင့် JMC ရုံးကို ဖာပွန်တွင် ပထမဦးဆုံးအကြိမ် စတင်ဖွင့်လှစ်

Karen News, 04 Sep 2017
URL: http://karennews.org/2017/09/karen-state-opens-first-local-level-jmc-office-in-hpapun.html/
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်အရ အကောင်အထည်ဖော်ရမည့် နောက်ဆက်တွဲလုပ်ငန်း စဉ်တစ်ခုဖြစ်သည့် ဒေသဆိုင်ရာအဆင့် JMC-L ရုံးကို ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ
စုပေါင်းရုံးတွင် သြဂုတ်လ ၃၀ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွက် ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းကာ ဘားအံမြို့တွင် ရုံးဖွင့်လှစ်ပြီး
နောက် ယခုပထမဆုံးသော ဒေသဆိုင်ရာအဆင့် JMC-L ရုံးကို ဖာပွန်မြို့တွင် ထပ်မံဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒေသဆိုင်ရာအဆင့် JMC-L ကို ဖာပွန်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် အခြေားနေရာများဖြစ်သည့် တောင်ငူ၊ ထားဝယ်၊ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည်တို့တွင် ဆက်လက်ဖွဲ့စည်းသွားရန်ရှိကြောင်းလည်း
ပြည်နယ်အဆင့် JMC-S အဖွဲ့ဝင်များထံမှ သိရသည်။
ဖာပွန်တွင် ဖွင့်လှစ်ခဲ့သည့် JMC-L ရုံးဖွင့်ပွဲသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဝင်း၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်ရဲမှူးကြီး ၊ JMC-L မှ ဒုဥက္ကဌ ၂ ဆရာ
တော်မက်သရူးအေး ၊ KNU မှ JMC-S ဒုဥက္ကဌ(၁)ဗိုလ်မှူးကြီး စောဖောဒိုနှင့် အခြားပြည်နယ်အဆင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။