ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးဟောပြောပွဲ ကရင်ပြည်နယ်တွင် ကျင်းပ

Karen News, 20 Sep 2017
URL: http://karennews.org/2017/09/business-for-peace-forum-held-in-karen-state.html/
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြီး ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုပေးနိုင်သည့် စီးပွားရေးလုပ်ငန်းများအား သိရှိစေရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ
ခေါင်းစဉ်ဖြင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုရေး၊ ပညာရေး စသည့် အကြောင်းအရာများကို ပါမောက္ခ ဒေါက်တာထွန်းအောင်သက်က လာရောက်ဦးဆောင်ဆွေးနွေးဟောပြောခဲ့ခြင်းဖြစ်ပြီး စီးပွားရေး
ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းနှင့် လိုအပ်ပါက အစိုးရကလည်း ဘဏ္ဍာငွေချပေးရန်လိုကြောင်း ထပ်မံပြောဆိုသည်။
လက်ရှိအချိန် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုများရှိလာသည်နှင့်အမျှ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ စီးပွားရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်နိုင်မှုများရှိလာခြင်းသည်
ကောင်းမွန်သည့် အလားအလာဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်က အဆိုပါပွဲတွင် ထည့်သွင်းပြောဆိုသည်။
စည်ပင်ဝန်ကြီးဦးသန်းနိုင်က “အရင် ၅ နှစ်က ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်ညီအစ်ကိုတွေ စီးပွားရေးတွေလုပ်တဲ့အခါကြတော့ ကျွန်တော်တို့ လုပ်ငန်းလုပ်ကွက်တွေကို သူတို့ကို ချထားပေး
တယ်။ သူတို့ကတဆင့် အခြားပြည်ပက ကုမ္ပဏီတွေနဲ့ တခါလုပ်ကြတယ်။ ကျွန်တော်တို့လက်ထက်မှာကြတော့ ငြိမ်းချမ်းရေးအဖွဲ့အစည်းထဲက စီးပွားရေးလုပ်တဲ့သူတွေနဲ့ ကျွန်တော်တို့အတူ ကုမ္ပဏီ
ထောင်ပြီး ရရှိလာတဲ့ အခွန်တွေလည်း ပြည်ပကို မရောက်ဘဲ ပြည်နယ်အတွင်း ပြန်ပြီးစီးမျောလာမယ်။ အခုဆိုရင် ကုမ္ပဏီတွေလည်း တည်ထောင်နိုင်ပြီ” ဟု ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကုမ္ပဏီများနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်လာပါက ဒေအတွင်းတိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း
များလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောခဲ့သည်။
ဘားအံတွင် စက်တင်ဘာလ(၁၄)ရက်နေ့တွင်ကျင်းပသည့်ထိုအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊
ကရင်ပြည်နယ်အခြေစိုက်အရပ်ဖက် လူမှုအဖွဲ့မျာ၊ NGO များ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများအပါဝင် စုစုပေါင်း တက်ရောက်သူ ၅၀၀ခန့်ရှိကြောင်း သိရသည်။