ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ပေါင်းကူးပေးရန် Open Hluttaw ကို မိတ်ဆက်

...

ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ပေါင်းကူးပေးရန် Open Hluttaw ကို မိတ်ဆက်

Frontier Myanmar, 22 Sep 2017

URL: https://frontiermyanmar.net/en/open-hluttaw-launches-mobile-app-for-parliamentary-oversight
ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား ပေါင်းကူးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့သည့် Open Hluttaw ဟုခေါ်သော မိုဘိုင်းအက်ပလီကေးရှင်းအား စက်တင်ဘာလ ၁၉ ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။

ထိုအက်ပလီကေးရှင်းတွင် လွှတ်တော်များနှင့်ဆိုင်သည့် အချက်အလက်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်၊ အီးမေးလိပ်စာများ၊ လွှတ်တော်ကော်မတီများကို အသုံးပြုသူများလွယ်လင့်
တကူရှာဖွေနိုင်စေရန် ဖန်တီးပေးထားသည်။ အင်္ဂလိပ်၊ မြန်မာဘာသာနှစ်မျိုးစလုံးဖြင့် ဖတ်ရှူ့နိုင်သည်။

“တယောက်ယောက်က ဒီမဲဆန္ဒနယ်တစ်ခုထဲမှာဖြစ်တဲ့ ကိစ္စတစ်ခုအတွက် တိုင်ချင်တာမျိုးဆိုရင် ဒီအက်ပ်ကို အသုံးပြုခြင်းအားဖြင့် သူ့ရဲ့မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်ကို လွယ်လင့်တကူ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ် ”ဟု အက်
ပလီကေးရှင်းစီမံချက်အား နယ်သာလန်သံရုံး၏ ငွေကြေးထောက်ပံ့မှုဖြင့် ဦးဆောင်အကောင်အထည်ဖော်နိုင်ခဲ့သည့် မြန်မာ့ ပဉ္စမမဏ္ဍိုင် (MFE) မှ Program Officer နော်စူစန်ဟီလာရီက ရန်ကုန်မြို့၊ ချက်ထရီယန်ဟိုတယ်တွင် ကျင်းပ
သည့် မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင်မူ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့နှင့်သက်ဆိုင်သည့် အချက်အလက်များကိုသာ ရှာဖွေနိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတို့နှင့် သက်ဆိုင်သောအချက်အလက်များကို ဆက်လက်ကောက်ယူဖြည့်
သွင်းရန် ကျန်ရှိသေးသည်။

“ဒီအက်ပလီကေးရှင်းကို ဖော်ဆောင်တဲ့နေရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုကတော့ အချက်အလက်တွေ မရှိဘူးဖြစ်နေတာပဲ၊ လွှတ်တော်အနေနဲ့က ဒီအချက်အလက်တွေကို အပြည့်အဝ မပေးနိုင်ဘူး၊ ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI)က ပေးတဲ့
လွှတ်တော်ဆိုင်ရာ အချက်အလက်တွေအပေါ် အခြေခံပြီး ကိုယ်တိုင် သုတေသနပြုထည့်သွင်းခဲ့ရတယ်” ဟု MFE တည်ထောင်သူ ဦးစိုးလင်းထွဋ်က ရှင်းပြသည်။

၂၀၁၂ ခုနှစ် ဝန်းကျင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွက် ဌာနတွင်း အသုံးပြုနိုင်မည့် မဲဆန္ဒရှင်စနစ်တစ်ခုအား ဖန်တီးပေးခဲ့သည့် ပြည်တွင်း Developer ကုမ္ပဏီတစ်ခုဖြစ်သော Sundew Myanmar က အဆိုပါ အက်ပလီ
ကေးရှင်းကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။