လာမည့် မတ်လတွင် ကျိုက်ထီးရိုး၌ ကောင်းကင် ကေဘယ်ကား ပြေးဆွဲနိုင်မည်

...

လာမည့် မတ်လတွင် ကျိုက်ထီးရိုး၌ ကောင်းကင် ကေဘယ်ကား ပြေးဆွဲနိုင်မည်

Mon News Agency, 12 Oct 2016

URL: http://monnews.org/2016/10/11/mount-kyaiktiyo-cable-car-to-operate-in-march/
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျိုက်ထီးရိုးဘုရားတွင် ခရီးသွားများ ပိုမိုလွယ်ကူ သက်သာစွာ သွားရောက်နိုင်ရန်အတွက်
ကျိုက်ထီးရိုးဘုရား၌ ပထမဆုံး ကောင်းကင် ကေဘယ်ကား စီမံကိန်းအား ၂၀၁၇ ခုနှစ် မတ်လတွင် ပြေးဆွဲနိုင်မည်ဟု သိ
ရသည်။

အဆိုပါ ကျိုက်ထီးရိုး ကောင်းကင် ကေဘယ်ကား တပ်ဆင်ပြေးဆွဲခြင်း စီမံကိန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်
၏ ခွင့်ပြုချက်ဖြင့် သစ်တောဦးစီးဌာန၏ ကျိုက်ထီးရိုးတောရိုင်း ဘေးမဲ့တောနယ်မြေ အတွင်းရှိ မြေ ၁၃.၅ဧက ပေါ်တွင်
ဆောက်လုပ်ခွင့် ရရှိထားခြင်းဖြစ်ကြောင်း Sky Asia ၏ ကေဘယ်ကားစီမံကိန်း အထူးအကြံပေးအဖွဲ့ဝင် ဦးအောင်သန်းက
ဆိုသည်။

ကေဘယ်ကားစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း(၂၀)ရင်းနှီးမြှုပ်နှံထားပြီး လက်ရှိ အလုပ်သမားအင်အား ၆၀၀ခန့်ဖြင့်
ဆောက်လုပ်လျှက်ရှိသည်ဟုသိရသည်။ ကေဘယ်ကားကြောင့် ဘုရားသို့သွားရာတွင် ပိုမိုလွယ်ကူ သက်သာစေမည်ဖြစ်
သည်။

ရသေ့တောင်မှ ကျိုက်ထီးရိုးရင်ပြင်အနီးသို့ပေ ၃၂၅၀ ပြေးဆွဲမည့် ကောင်းကင် ကေဘယ်ကြိုးကားသည် ၁၀ မိနစ်ခရီးချိန်
ကြာမည်ဖြစ်ကြောင်း၊ အရန်တစ်တွဲထားရှိမည်ဖြစ်ရာ ၄၃ တွဲဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ တစ်တွဲလျှင် ၈ဦးခန့် ခရီး
သည် တင်ဆောင်နိုင်သည်ဟု သိရသည်။

ကျိုက်ထီးရိုးစေတီသို့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ပြည်တွင်းခရီးသည် ၁၂ သိန်းကျော် ဝင်ရောက်ခဲ့သဖြင့်
ယခင်နှစ်ထက် ၇ သောင်းကျော် တိုးတက်လာကြောင်း၊ ပြည်ပခရီးသွားဧည့်သည်များ ယခုနှစ် သြဂုတ်လအထိ ၇ သောင်း
ကျော် ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ထက် ၈ ထောင်ကျော် ပိုမိုဝင်ရောက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေး
မှူးဦးစီးဌာန မော်လမြိုင်ရုံးခွဲထံမှ သိရသည်။