စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာပြဆရာ၊ဆရာမများ ပိုမိုထားရှိမည်

...

စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာပြဆရာ၊ဆရာမများ ပိုမိုထားရှိမည်

Myanmar Times, 28 Sep 2017

URL: https://www.mmtimes.com/news/schools-get-more-ethnic-language-teachers.html
အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာပြဆရာ၊ဆရာမများအား ယခုနှစ်တွင် ပုံမှန်သင်ကြားရေးလက်ထောက်ဆရာများအဖြစ် ခန့်ထားတော့မည်ဖြစ်ကြောင်း
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဌာန၏ ပြောကြားချက်အရဖြစ်သည်။

ထိုသို့ခန့်ထားရန်ဆုံးဖြတ်ခြင်းကို ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့အကြား ပြီးခဲ့သည့်လတွင်ပြုလုပ်သည့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်
သည်။ ကလေးသူငယ်များအကြား ကျောင်းထွက်သည့်အရေအတွက် လျော့ကျလာစေရန်နှင့် တိုင်းရင်းသားဘာသာစကားပြောသည့် ဘာသာစကားပြဆရာ၊ဆရာမများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်လည်း ရည်ရွယ်ပါသည်။

“သင်ကြားရေးနည်းလည်းတွေတိုးတက်စေဖို့ ကျွန်တော်တို့ရည်ရွယ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ကလေးအများစုက သူတို့ဘာသာစကားပဲပြောနိုင်ကြတယ်။ မြန်
မာဘာသာစကားနဲ့သူတို့ကိုသင်တော့ သူတို့အတွက် တကယ့်ကိုအခက်အခဲရှိတယ်။ ဒီလိုအခက်အခဲရှိတာကြောင့် တိုင်းရင်းသားဒေသတွေမှာ ကျောင်းထွက်နှုန်းမြင့်လာဖို့ ဦး
တည်နေတယ်။ ကလေးအများစုက မူလတန်းတောင်မပြီးသေးဘူး ဘာသာစကားအခက်အခဲကြောင့် ကျောင်းထွက်တာတွေရှိတယ်” ဟု တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု
ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ကပြောခဲ့သည်။

ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေကို ဒေသတွင်း ဘာသာစကား ၊ စာပေနှင့်ယဉ်ကျေးမှု စသည်တို့အား ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ အခြေခံပညာစာသင်
ကျောင်းများ၌ ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်တွင် စတင်သင်ကြားစေခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေသင်ကြားပေးသည့်ဆရာ၊ဆရာမများအား တစ်လလျှင်(၃၀၀၀၀)ကျပ်ပံ့ပိုးပေးလျှက်ရှိသည်။ အကယ်၍ ၎င်းတို့
သည် သင်ကြားရေးလက်ထောက်များဖြစ်လာပါက လခတိုးလာမည်ဖြစ်သည်။ ယင်းနောက် ၎င်းတို့ဘွဲ့ရသည်နှင့်တပြိုင်နက် ၎င်းတို့အား အမြဲတမ်းခန့်များအဖြစ် ခန့်ထား
ပေးရန် တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းမည်ဖြစ်သည်။

အခြေခံပညာရေးစာသင်ကျောင်းများတွင် သင်ကြားရေးလက်ထောက်ဖြစ်ရန်ဆန္ဒရှိသောဆရာ၊ဆရာမများသည် ၎င်းတို့၏လျှောက်လွှာများကို မြို့နယ်ပညာရေးရုံးများမှတဆင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိအစိုးရထံတွင် လျှောက်ထားနိုင်သည်။