NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော

The Irrawaddy, 20 Oct 2017
URL: https://www.irrawaddy.com/news/ethnic-armed-groups-lament-delayed-peace-process.html
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးနေကြောင်း အပစ်ရပ် အဖွဲ့များက ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေ သူများ၏ အတွေ့အကြုံ၊ အရည်အချင်း အားနည်းခြင်း၊ အစိုးရနှင့် တပ်မတော်တို့ တသားတည်း မဖြစ်ဘဲ သဘောထား ကွဲပြားမှုများ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က “နှောင့်နှေးကြန့်ကြာတယ်လို့ ကျမအနေနဲ့ ပြောချင်တယ်။ ပြည်သူကိုချစ်တယ်။ တိုင်းပြည်ကို ချစ်တယ်ဆိုရင် နှောင့်နှေးကြန့်ကြာမှု မရှိအောင် ဘယ်လိုလုပ်ရမ
လဲဆိုတာကို အစိုးရပိုင်းက အလေးထား စဉ်းစားသင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရဘက်တွင်လည်း မညီညွှတ်ဘဲ ကွဲလွဲမှုများ ရှိနေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘက်တွင်လည်း အဖွဲ့မျိုးစုံ ကွဲ၍ ငြိမ်းချမ်းရေး ရယူရန် ချည်းကပ်သည့် လမ်းကြောင်း မတူညီခြင်းများက လက်ရှိ တိုင်းပြည်၏ ငြိမ်းချမ်း
ရေး ဖြစ်စဉ်ကို သက်ရောက်မှု များစွာ ဖြစ်စေကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တာဝန်ယူ ဆောင်ရွက်သည့် သမ္မတရုံး ဝန်ကြီး ဦးအောင် မင်း ၏ ကတိစကားများကို သမ္မတ ဦးသိန်းစိန်က တာဝန်ခံပြီး ယင်း သဘောတူညီချက်များ ကိုလည်း တပ်မတော်က
လက်ခံလာရန် စည်းရုံး ပြောဆိုနိုင်ခဲ့ကြောင်း၊ NLD အစိုးရတွင် ယင်းအချက် မတွေ့ရကြောင်း အပစ်ရပ်ထားသည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ခေါင်းဆောင် တဦးက နေပြည်တော်တွင် ဧ
ရာဝတီ သို့ ပြောသည်။
ဦးသိန်းစိန် လက်ထက်မှာမို့ NCA ကိုရလိုက်တာ။ သူ့လက်ထက်မှာ မထိုးဘဲ ဆက်ရွေ့လာရင် ဒီဘက်မှာ NCA ထိုးနိုင်ဖို့ တောင် မလွယ်ဘူး။ အခုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးဆောင်တဲ့သူတွေက မဆုံးဖြတ်နိုင်ဘူး။ အတိုင်ပင်ခံကို ပြန်
တင်ပြ ရတယ်။
နောက်ပြီး အစိုးရ သဘောတူပြီး ပေမယ့် တပ်မတော်က သဘောမတူလို့ နောက်ဆုတ်သွားတာတွေ က လည်း ရှိတယ်”ဟုလည်း အထက်ပါ ABSDF ခေါင်းဆောင်က ပြောဆိုသည်။
ရှေ့ဆက်မည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အစိုးရက လွတ်လပ်စွာ ကျင်းပခွင့်ပေးလိုသည့် သဘောထား ရှိသော်လည်း တပ်မတော်ကမူ ထိန်းချုပ်မှု တခုခုအောက်တွင် ဆွေးနွေးလိုသည့် သဘောမျိုး တွေ့မြင်ရကြောင်း၊ တနိုင်ငံလုံး ပစ်ခတ်
တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို မကျိုးပေါက် ရန် ထိန်းသိမ်းနိုင်ပါက ငြိမ်းချမ်းရေး မရနိုင်သော်လည်း ငြိမ်းချမ်းရေး မပျက်စီးနိုင်တော့ကြောင်း ပအို့ဝ် အမျိုးသား အဖွဲ့ ချုပ် နာယက ဦးခွန်ဥက္ကာက ပြောသည်။
“ငြိမ်းချမ်းရေး ဆောင်ရွက်ချက် နှေးကွေးသွားတာ အဓိက လူတွေကြောင့်ပဲ”ဟုလည်း ၎င်းက ဆိုသည်။
မွန် အမျိုးသား ပါတီကလည်း လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနှစ်သာရ အားဖြင့် တိုးတက်မှု မရှိကြောင်း ပြောဆို ထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားရခြင်းသည် ငြိမ်းချမ်းရေး လုင်ငန်းစဉ်ကို ဦးဆောင်နေသည့် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် သက်ဆိုင်ကြောင်း၊ သို့သော် ယခုရောက်ရှိနေသည့် အနေအထားကို ကျေနပ်မှုရှိ ကြောင်း၊
နှစ် ၇၀ သမိုင်းတွင် တခါမှ မလုပ်နိုင်သေးသည့် နိုင်ငံရေး ဆွေးနွေးမှုများ စတင်နေပြီး အချက်တချို့ကို စတင် သဘောတူနိုင်နေပြီ ဖြစ်ကြောင်း အပစ်ရပ် ခေါင်းဆောင်များက ပြောဆိုကြသည်။
NCA လက်မှတ် ရေးထိုးထားသည့် အပစ်ရပ်အဖွဲ့ ၈ ခုတွင် အများစုက လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးနေကြောင်း၊ ပြောဆိုကြသော်လည်း လက်ရှိရောက်ရှိနေ သည့် NCA စာချုပ် လက်မှတ်ထိုးထားသည့်
နေရာမှ ရှေ့ဆက်နိုင်ရန်လည်း မျှော်လင့်ချက် ကြီးကြီး ထားရှိနေကြကြောင်း သိရသည်။
ဦးသိန်းစိန်နှင့် NLD အစိုးရ ၂ ခုစလုံး၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဦးမင်းဇော်ဦးက “အခု ကျနော်မြင်တဲ့ ဟာက တော့ အဓိက အခက်အခဲက အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ်မှာ အခက်အခဲ ဖြစ်နေတာ။
နိုင်ငံရေး ဆွေးနွေးပွဲကို လာတဲ့အခါမှာ ဘယ်အစုအဖွဲ့နဲ့ပဲ လာလာ အစိုးရကရော၊ တပ်မတော်ကရော ဘာမှကန့်ကွက်တာမရှိဘူး။ အခုက အပစ်အခတ် ရပ်စဲရေးမှာပဲ တစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပုံစံ ၂ မျိုးဖြင့် ရှေ့ဆက်မည် ဖြစ်ပြီး NCA ထိုးထားသူများက ရလဒ်တခု ထွက်ရန် ကြိုးစား ကြလိမ့်မည် ဖြစ်ရာ မြန်မာပြည် တောင်ဘက်ပိုင်းတွင် ငြိမ်းချမ်းလာပြီး မြောက်ပိုင်းတွင် စစ်ပွဲများ ရှိနေဦးမည်
ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ အကြံပေး အရာရှိတဦး ဖြစ်သူ ဦးမင်းဇော်ဦးက ပြောဆိုသည်။
“EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ) ဘက်မှာလည်း အားလုံးမညီညွှတ်ခြင်းဟာ ရှေ့ကို လှမ်းတက်ဖို့ရာ အတွက် အခက်အခဲတခု ဖြစ်ပါတယ်။ အစိုးရဘက်က ကြည့်ရင်လည်း EAOs အားလုံး စားပွဲပေါ် မရောက်သေးတာ အထစ်
အငေါ့ ဖြစ်ပါတယ်။ အားလုံး ရောက်နိုင်အောင် EAOs ဘက်ကလည်း ကြိုးစားရမယ်။ အစိုးရဘက်ကလည်း ကြိုးစားရမယ်”ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
လက်ရှိအစိုးရကလည်း NCA စာချုပ်အပေါ်တွင်သာ ဆက်လက်ရပ်တည်နေပြီး ဝ ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ကလည်း NCA ကိုလက်မခံဘဲ တခြားပုံစံတမျိုးဖြင့် နိုင်ငံရေး ဆွေး
နွေးမှု လမ်းကြောင်းကို ပုံဖော်လျက်ရှိသည်။
သို့သော် ဝ နှင့် မိုင်းလားအဖွဲ့တို့နှင့် အစိုးရနှင့် တိုက်ပွဲ မဖြစ်သေးပေ။
ထို့အပြင် အောက်တိုဘာလ ၁၅ ရက်နေ့ကနေပြည်တော်တွင် ကျင်းပသည့် NCA စာချုပ် ၂ နှစ်ပြည့် အခမ်းအနားသို့လည်း FPNCC ၊ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့က တက်ရောက်ခဲ့ခြင်း မရှိပါ။
“သူတို့(လက်မှတ်မထိုးရသေူသူများ)ကတော့ မနှစ်ကလည်း ဖိတ်တယ်။ မလာဘူး။ ဒီနှစ်လည်း မလာဘူး။ ကျနော် အား မနာတမ်း ဝေဖန်ရရင်တော့ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်နဲ့ လုပ်တဲ့ အလုပ်ကို သိပ်ပြီး
တော့ အသိအမှတ် မပြုချင်လို့ ဖြစ်မှာပေါ့ဗျာ။ လာလိုက်ရင် မင်းတို့လုပ်တာ ကောင်းတယ်လို့ ဖြစ်သွားမှာပေါ့။ အဲဒီလို မပြောချင်တော့ ရှောင်တာပေါ့”ဟု ဦးခွန်ဥက္ကာက ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေး လေ့လာနေသူများက NCA လက်မှတ် ရေးထိုးလိုက်သည့် အဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲ များသည် NCA မထိုးခင်နှင့် ထိုးပြီးအချိန်ကြားတွင် ၉၀ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု ဆိုကြပြီး တပ်မတော် ခေါင်း
ဆောင် များကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး NCA ထိုးရမည်ဟု ပြောဆိုထားသည်။