၂၁ ရာစု ပြည်ထောင်စုညီလာခံ ဇန်နဝါရီလတွင် ကျင်းပမည်

...

၂၁ ရာစု ပြည်ထောင်စုညီလာခံ ဇန်နဝါရီလတွင် ကျင်းပမည်

Mizzima, 28 Nov 2017

URL: http://www.mizzima.com/news-domestic/next-round-union-peace-talks-be-held-january
အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ၏ ဥက္ကဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ နေပြည်တော်ရှိ NRPC ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်နှင့်ပတ်သတ်သည့် ဆဌမအကြိမ်မြောက်ကျင်းပသည့် ပူးတွဲအကောင်အထည်ဖော်ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး(JICM)တွင် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း ပြည်တွင်းသတင်းစာများက နိုဝင်ဘာလ(၂၈)ရက်နေ့၊ ၂၀၁၇ခုနှစ်တွင် ရေးသားဖော်ပြခဲ့ကြသည်။

NCA နှင့်ပတ်သတ်၍ အကောင်အထည်ဖော်ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးမှ အစီရင်ခံစာတစ်စောင်ကို JICM အစည်းအဝေး၌ အတည်ပြုခဲ့ပြီး ဇန်နဝါရီလတွင် လင်းခေးမြို့၌ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး
ကောင်စီ၏ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ရခိုင်လွတ်မြောက်ရေးပါတီမှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်သည်။

တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံညီလာခံကို ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ကျင်းပသွားရန်လည်း ဆုံးဖြတ်ချက်ချခဲ့သည်။