ဂျပန်မှ တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ပေးမည်

...

ဂျပန်မှ တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ပေးမည်

Myanmar Times, 05 Dec 2017

URL: https://www.mmtimes.com/news/japan-supports-low-cost-housing-experiment.html
အိမ်ရာဆောက်လုပ်ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဂျပန်-မြန်မာဆောက်လုပ်ရေးအသင်းနှင့် မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့သည် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ရှေ့ပြေးလုပ်ဆောင်ရန်အတွက် ဒီဇင်ဘာ ၄ ရက်နေ့တွင်
နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

“ရှေ့ပြေးလုပ်ငန်းစဉ်ကို ဂျပန်ကလှူတဲ့ အလှူငွေနဲ့ ဆောက်လုပ်မှာပါ။ အဆောက်အဦးနှစ်ခုကို ပုံစံမတူဆောက်မှာပါ ” ဟု မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း(MCEA)ဒုတိယဥက္ကဌ ဦးရှိန်ဝင်းကပြောသည်။

ဂျပန်နည်းပညာနှင့် ဂျပန်ပစ္စည်းများဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး ဆောက်လုပ်ရေးကို နောင်နှစ်ဇန်နဝါရီလတွင် စတင်မည်ဖြစ်သည်။

ရှေ့ပြေးအဆောက်အဦး ဆောက်လုပ်ပြီးစီးပြီးနောက် ထိုအဆောက်အဦးကို ဆောက်လုပ်ရေး၌ အသုံးပြုပြီးသား ဂျပန်တပတ်ရစ်ပစ္စည်းများအတွက် ပြခန်းတစ်ခုအဖြစ် ထားရှိမည်ဖြစ်သည်။ သုံးနှစ်ကြာပြီးနောက် မြေနှင့်တကွအဆောက်အဦးကို
MCEA သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဦးရှိန်ဝင်းကပြောသည်။

ရှေးပြေးစီမံကိန်းနှင့်လှူရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ပံ့ပိုးပေးရန်ဖြစ်သည်။

ဂျပန်အပြင် MCEA သည် စျေးနှုန်းသက်သာသောအိမ်ရာများအတွက် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။