၂၀၂၃ ခုနှစ်တွင် ရထားဖြင့် ရန်ကုန်-မန္တလေး ခရီးသွားချိန် ၈ နာရီသာကြာတော့မည်

...

၂၀၂၃ ခုနှစ်တွင် ရထားဖြင့် ရန်ကုန်-မန္တလေး ခရီးသွားချိန် ၈ နာရီသာကြာတော့မည်

The Myanmar Times, 16 Jan 2018

URL: https://www.mmtimes.com/news/yangon-mandalay-train-journey-will-shorten-8-hours-2023.html
နေပြည်တော်တွင် ဇန်နဝါရီလ ၁၂ရက်နေ့တွင် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Taro Kono က ဂျပန်နိုင်ငံအနေဖြင့် ရန်ကုန်- မန္တလေးရထားလမ်း တိုးတက်ရေးအတွက် ငွေကြေးရန်ပုံငွေထူထောင်ပေးခြင်းအားဖြင့် အကူအညီပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထိုသို့မီးရထားလမ်းမြှင့်တင်ခြင်းအားဖြင့် ရန်ကုန်မှ တောင်ငူသို့ ခရီးလမ်းကို ၃ နာရီခွဲအထိ ချုံ့ပစ်နိုင်ပြီး ရန်ကုန်မှ မန္တလေးခရီးလမ်းကို ၈နာရီအထိ တိုတောင်းသွားမည်ဖြစ်သည်။ ရန်ကုန်-တောင်ငူပိုင်းကို
၂၀၂၀ ခုနှစ်တွင် အပြီးသတ်နိုင်ရန် စီစဉ်ထားသည်။

စီမံကိန်းကို ဂျပန်မှ တရားဝင်ဖွံ့ဖြိုးရေးထောက်ပံ့ပေးမှု(ODA) ချေးငွေမှ ငွေကြေးထောက်ပံ့ပေးမည်ဖြစ်သည်။

စီမံကိန်းအား ၃ ပိုင်းလျာထားသည်။ ဦးဆုံးဦးစားပေးမှာ ရန်ကုန်-တောင်ငူလိုင်း တည်ဆောက်ရန်ဖြစ်ပြီး ၁၆၆ မိုင်ရှည်လျားသည်။ ဒုတိယဦးစားပေးမှာ တောင်ငူ-ရမည်းသင်းလမ်းတည်ဆောက်မည်ဖြစ်ပြီး
အကွာအဝေးမိုင် ၁၁၈.၅ ရှည်သည်။ တတိယတစ်ခုမှာ ရမည်းသင်းနှင့်မန္တလေးကြားရှိ မိုင်၁၀၀ ရထားလမ်းဖြစ်သည်။