ထိုင်း-မြန်မာနယ်စပ်တွင် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်း၍ ကင်းလှည့်

...

ထိုင်း-မြန်မာနယ်စပ်တွင် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်း၍ ကင်းလှည့်

Frontier Myanmar, 22 Jan 2018

URL: https://frontiermyanmar.net/en/thailand-myanmar-launch-joint-border-patrols-on-moei-river
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများသည် မူးယစ်မှောင်ခိုတင်သွင်းမှုများ၊ လူမှောင်ခိုကူးမှုများ ၊ စစ်လက်နက်ပစ္စည်းရောင်းချမှုများနှင့် တရားဥပဒေနှင့်ဆန့်ကျင်သည့် အခြားလုပ်ငန်းများကို တားဆီးရေးနှင့် နှိမ်နင်းရေးတို့အတွက် နှစ်နိုင်ငံနယ်စပ်ရှိ သောင်ရင်းမြစ်ကြောင်းတစ်လျှောက်တွင် ယမန်နေ့က ပူးပေါင်းကင်းလှည့်မှုပြုလုပ်ခဲ့ကြသည်။

ပူးပေါင်းကင်းလှည့်မှုတွင် ထိုင်းဘက်မှ ပါဝင်ခဲ့ကြသောအဖွဲ့များမှာ မဲဆောက်မြို့အခြေစိုက် အမှတ်၁၄ ခြေလျင်တပ်ရင်းမှစစ်သားများ၊ အမှတ် ၃၅ ရိန်းဂျားတပ်ရင်းမှ စစ်သားများနှင့်တာ့ခ်ဆောင်ယန်းအခြေစိုက် စီရင်စုနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲအရာရှိများပါဝင်သည့်အဖွဲ့တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံဘက်မှ တပ်မအမှတ် ၂၂ ၏ တပ်ရင်းအမှတ်
၂၈ မှ အဖွဲ့ဝင်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့မှ အဖွဲ့ဝင်များပါဝင်သည်။

နယ်စပ်ဒေသပူးပေါင်းကင်းလှည့်မှုကို တနင်္ဂနွေမနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး နောက်မြီးရှည်ရေယာဥ္ ၄ စီးနှင့် တက်ခ်ခရိုင်အတွင်းရှိ တာ့ခ်ဆောင်ယန်းစီရင်စုမှ ဘန့်မဲ့ကျလောင်းနှင့်ဘန့်မဲ့ဆောင်စီရင်စုနယ်မြေကြားမှ ၁၄ ကီလိုမီတာခန့်ရှည်လျားသော သောင်ရင်းမြစ်ကြောတစ်လျှောက် ကင်းလှည့်ခဲ့ကြသည်။