တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
Myanmar Times, 02 Feb 2018
URL: https://www.mmtimes.com/news/myanmar-universities-still-not-autonomous-academics.html
ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တွေဟာ ၁၉၆၂ နောက်ပိုင်း ကိုယ်ပိုင်တက္ကသိုလ်တွေအဖြစ် ရပ်တည်ခွင့်ရုပ်သိမ်းခံ ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ တက္ကသိုလ်တွေကို အုပ်ချုပ်တဲ့ တက္ကသိုလ်ကောင်စီ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့တက္ကသိုလ်တွေကို အုပ်ချုပ်မယ့် အဆင့်မြင့်ပညာဦးစီးဌာန ပေါ်ပေါက်ခဲ့ပါတယ်။
တက္ကသိုလ်တွေရဲ့ ကိစ္စအဝဝကို အဆင့်မြင့်ပညာဦးစီးဌာနက စီမံ ခန့်ခွဲ ခွင့် ရခဲ့ပေမဲ့ ၂ဝ၁၄ ခုနှစ်မှာ အမျိုးသားပညာရေးဥပဒေ ထွက်ရှိလာပြီး ပညာ ရေးဝန်ကြီးဌာနက တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး မယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိလာပါတယ်။
မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာနှောင့်နှေးသွားမှုနဲ့ တက္ကသိုလ်တစ်ခု ချင်းစီ ရဲ့စွမ်းဆောင်ရည် ကျဆင်းသွားတာက တက္ကသိုလ်တွေ ကိုယ်ပိုင် လွတ် လပ်ခွင့်မရှိဘဲ အဆင့်မြင့် ပညာဦးစီးဌာနက ချမှတ်တဲ့မူတွေကို တစ်သဝေ မတိမ်း လိုက်နာဆောင်ရွက်နေကြရတာကြောင့်ဖြစ်တယ်လို့ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒဌာန၊ ကထိက ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံရှိ တက္ကသိုလ်အားလုံးက အစိုးရအထောက်အပံ့ခံ တက္က သိုလ်တွေဖြစ်ပြီး နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်ကို သုံးစွဲနေရ ဆဲဖြစ်တာကြောင့် ငွေကြေးဆိုင်ရာ လွတ်လပ်ခွင့် မရှိသေးဘဲ တခြားလွတ်လပ်ခွင့်တွေအတွက်လည်း စီမံ
ခန့်ခွဲနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာတော့ သင်ကြားရေးဆိုင်ရာ လွတ်လပ်ခွင့်က ရာနှုန်းပြည့်ရရှိနေပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာန လက်အောက်မှာ အဆင့်မြင့်ပညာ သင်ကြားပေးတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်စုစုပေါင်း ၁၆ဝ နီးပါးရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တက္ကသိုလ်အလိုက် ရေးဆွဲထားတဲ့ ပဋိညာဉ်စာတမ်းနဲ့ အဆင့်မြင့်
ပညာရေး ဥပဒေလိုအပ်နေပါတယ်။
ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဒေါက်တာခိုင်မြဲကတော့ ''တက္ကသိုလ်အလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့က ဝန်ကြီးဌာနနဲ့ မဆိုင်ဘူး။ တက္ကသိုလ်တစ်ခုချင်းစီရဲ့ ကြိုးစားမှုနဲ့ဆိုင်တယ်။ဘယ်လောက်သတ္တိ ရှိလဲဆိုတဲ့အပေါ်မူတည်
တယ်'' လို့ ဆိုပါတယ်။