ပြည်ထောင်စုအစိုးရမှ မြိုင်ကြီးငူ စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၁,၂၀၀ ကျော် ပေးအပ်

...

ပြည်ထောင်စုအစိုးရမှ မြိုင်ကြီးငူ စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၁,၂၀၀ ကျော် ပေးအပ်

Karen News, 24 Mar 2018

URL: http://karennews.org/2018/03/union-govt-provides-over-ks-120-million-to-myaing-gyi-ngu-idps/
ပြည်ထောင်စုအစိုးရ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ကရင်ပြည် နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြိုင်ကြီးငူ စစ်ဘေးရှောင် စခန်းများ၌
ယနေ့အထိ ခိုလှုံနေရသည့် စစ်ဘေးရှောင် များအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၁,၂၆၉ သိန်းကို မတ်လ ၁၉ ရက်နေ့၌ ဖားအံမြို့၊ ဇွဲကပင် ခန်းမတွင် ပေးအပ်ခဲ့သည်။

မြိုင်ကြီးငူ စစ်ရှောင်စခန်းများရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးအိမ်ထောင်ဦးစီးများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ၊ မသန်စွမ်းများအား ပေးအပ်ခြင်းဖြစ်ပြီး ထိုသို့
ထောက်ပံ့ငွေ ပေးအပ်ရခြင်း အကြောင်းအရင်းနှင့် ပတ်သတ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်စမ်းစမ်းအေးက အခမ်းအနားအမှာ စကားတွင် ယ
ခုလိုပြောကြားခဲ့သည်။

̏အထူးသဖြင့် ဒီနှစ်မှာ တိုက်ပွဲရှောင်ဒေသမှာရှိတဲ့ လူထုတွေကို ထောက်ပံ့မှုတွေလုပ်ပါတယ်။ ဝန်ကြီး ချုပ်အမိန့်ရှိသွားတဲ့အတိုင်းပဲ ပိုပြီးတော့ လိုအပ်တဲ့လူ အုပ်စုတွေကို တွက်
လိုက်တဲ့အခါမှာ ကိုယ်ဝန်ဆောင်သမားတွေ၊ အသက် ၅ နှစ်အောက် ကလေးတွေ၊ အသက် ၆၀ ကျော် အဖိုးအဖွားတွေ၊ မသန်စွမ်းသူတွေဆိုပြီး အုပ်စုခွဲပြီးတော့ ထောက်ပံ့မှုတွေ
ပေးပါတယ်။ နောက်တစ်ခုက ဒီနှစ်မှာ ထူးထူးခြားခြား အမျိုးသမီး ဦးဆောင်မှုရှိတဲ့မိသားစုကိုပါ ထောက်ပံ့ပေးပါတယ်” ဟုပြောသည်။

အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု အစိုးရ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊
မသန်စွမ်းများ၊ ကရင် အရပ်ဘက်အဖွဲ့များ အပါအဝင် လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရသည့် ကိုယ်ဝန်ဆောင်မိခင် ၂၆ ဦး၊ ၅ နှစ်အောက်ကလေးငယ် ၉၁၀ ဦး၊ အသက် ၆၀ နှင့်
အထက် ဘိုးဘွား ၁၇၄ ဦး၊ မသန်စွမ်း ၇ ဦးတို့အား တစ်ဦးလျှင် တစ်သိန်း နှုန်းထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည့်အပြင် အိမ်ထောင်ဦးစီးမရှိသော မိခင် ၇၆ ဦးအား တစ်ဦးလျှင် ၂
သိန်းနှုန်းဖြင့် ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် မသန်စွမ်းသူ ၄,၆၁၆ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းနှင့် ဝှီးချဲ(Wheel Chair)များအား ထောက်ပံ့ပေးခဲ့ပြီး ယနေ့စုစုပေါင်း
ထောက်ပံ့ငွေမှာ ကျပ်သိန်းပေါင်း ၅,၈၈၅ သိန်း ဖြစ်သည်ဟု သိရသည်။

ပြည်ထောင်စုအစိုးရ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင် များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီး အိမ်
ထောင်ဦးစီးများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ၊ မသန်စွမ်းများအား ယခုကဲ့သို့ အခမ်းအနားနှင့်တကွ အစိုးရမှ ဦးဆောင်ပြီးထောက်ပံ့ငွေ ပေးအပ်ခြင်းမှာ ပထမဦးဆုံး
အကြိ်မ်ဟုလည်း သိရသည်။