ထားဝယ်ကားလမ်းကြီး အဆင့်မြှင့်တင်ရန်အတွက် ချေးငွေဒေါ်လာ (၁၄၄.၅၄)သန်း ချေးယူရန် လွှတ်တော်အတည်ပြု

...

ထားဝယ်ကားလမ်းကြီး အဆင့်မြှင့်တင်ရန်အတွက် ချေးငွေဒေါ်လာ (၁၄၄.၅၄)သန်း ချေးယူရန် လွှတ်တော်အတည်ပြု

Myanmar Times, 28 Mar 2018

URL: https://www.mmtimes.com/news/parliament-oks-14454-million-loan-improve-dawei-road.html
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ချိတ်ဆက်ထားသည့် ထားဝယ်-ထီးခီးကားလမ်းမကြီးကို အဆင့်မြှင့်တင်ရန်အတွက် ယူအက်စ်ဒေါ်လာ ၁၄၄.၅၄ သန်း/ ကျပ် ၁၉၂.၇၂
ဘီလီယမ်အား ထိုင်းနိုင်ငံမှ ချေးယူရန် လွှတ်တော်က အတည်ပြုလိုက်သည်။

ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အိမ်နီးနားချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထံမှ ချေးငွေရရှိမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှ
တနင်္လာနေ့တွင် တည်ပြုပေးခဲ့သည်။

စီမံကိန်းဧရိယာတွင် တချို့သောဒေသများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၄)ဘက်တွင် ပါဝင်သည်။ ထို့ကြောင့် တနင်္သာရီဒေသကြီး
အစိုးရအား စီမံကိန်း မစတင်မီ KNU မှ အရာရှိများနှင့် တွေ့ဆုံရန် ညွှန်ကြားထားသည်။

စီမံကိန်းတွင် မဟာမဲခေါင်ဒေသကြီးရှိ တောင်ဘက် စီးပွားရေးကားလမ်းမကြီးကို တည်ဆောက်မည်ဖြစ်ပြီး ထိုမှတဆင့် ဟိုချီမင်းရှိ Vung Tan ၊ ဗီယက်နမ်၊ ဖနွန်ပင်းနှင့် ကမ္ဘောဒီးယားရှိ
Siem Reap ၊ နှင့် ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ကန်ချနဘူရီ စသည်တို့ကို ထားဝယ်နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။

စီမံကိန်းကြောင့် ခရီးသွားလုပ်ငန်း တိုးတက်လာရုံသာမက လူမှုစီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။