ရွှေကျင်မြို့နယ်တွင် တောင်သူလယ်သမား (၄၀၀) ကျော် မြေယာ လျော်ကြေးငွေရရှိ

...

ရွှေကျင်မြို့နယ်တွင် တောင်သူလယ်သမား (၄၀၀) ကျော် မြေယာ လျော်ကြေးငွေရရှိ

The Global New Light of Myanmar, 28 Mar 2018

URL: https://issuu.com/myanmarnewspaper/docs/28_mar_18_gnlm
လယ်မြေသိမ်းမှုများကြောင့် တောင်သူလယ်သမားများအား လျော်ကြေးငွေပေးအပ်သည့် အခမ်းအနားကို ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဌာနတွင် ယမန်နေ့ မနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လျှပ်စစ်နှင့်လမ်းတံတားပို့ဆောင်ရေး ပဲခူးတိုင်းရေးရာဝန်ကြီး ဦးသန်းဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဒေသတွင်း လယ်သမားများမှ ကျေးဇူးတင်စကားမပြောမီ
ပဲခူးတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းဖွယ်ဆေးက လယ်မြေများသိမ်းယူခဲ့သည့်အကြောင်းအရာများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ရွှေကျင်ရေလှောင်တမံ စတင်ဆောက်လုပ်မှုကြောင့် လယ်မြေများအသိမ်းခံရသည့် ဒေသခံများအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဟိုက်ဒရိုပါဝါအကောင်အ ထည်ဖော်ရေးဌာနမှ ပြည်ထောင်စုအစိုးရထံ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် လျော်ကြေးငွေ ပေးအပ်ရန် တောင်းဆိုခဲ့သည်။ အခမ်းအနားတွင် ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု(၁၁၅)စုမှ လူပေါင်း
၄၃၉ ဦး ထံသို့ မြေဧက ၂၆၈၁ ဧက သိမ်းယူမှုကြောင့် လျော်ကြေးငွေကျပ်(၁၂၁၁.၀၅၃)သန်း ပေးခဲ့သည်။