မြန်မာ့သယ့်ယူပို့ဆောင်ရေးဝန်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

...

မြန်မာ့သယ့်ယူပို့ဆောင်ရေးဝန်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

GovInsider Asia, 20 Apr 2018

URL: https://govinsider.asia/connected-gov/myanmar-public-transport-u-win-khant-railways/
၂၀၀၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော်တွင် ဆိုင်ကယ်စီးခြင်းကို တားမြစ်ထားပြီး အဆောက်အဦးများတည်ဆောက်ခြင်းနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးလွယ်ကူစေရန် အားထုတ်လျှက်ရှိသည်။ နိုင်ငံသည် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ရေရှည် စီမံချက်ဖြင့် ဖွံ့ဖြိုးလျှက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးဝင်းခန့်က ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ မီးရထားလမ်းအခြေခံအဆောက်အအုံများသည် ထိန်းသိမ်းမှုလျော့နည်းခြင်းကြောင့် စိတ်ပျက်ဖွယ်ရာ ရှိလာခဲ့သည်။

မီးရထားလမ်းများတွင် ရင်းနှီးမြှုပ်နှံလာကြကြောင်း ဦးဝင်းခန့်ကပြောသည်။ ရန်ကုန်-မန္တလေးမီးရထားလမ်းသည် နိုင်ငံ၏ အဓိက ကျောရိုးဖြစ်သော်လည်း ယခုအခါ ဘတ်စ်ကားများနှင့် စျေးသက်သာသည့်ပြည်တွင်းလေကြောင်းလိုင်းများကြောင့် မီးရထားလမ်းများကို လိုအပ်မှုမှာ ၁၀ ရာခိုနှုန်းသာရှိတော့သည်။

နိုင်ငံသည် ဂျပန်အစိုးရ၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့်အတူ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် အဆောက်အဦးများနှင့်စီမံခန့်ခွဲမှုများ ကောင်းမွန်လာစေရန်အတွက် လုပ်ကိုင်ဆောင်ရွက်နေသည်။ “အစိုးရအနေနဲ့ သူတို့ မီးရထားလမ်းစနစ် အားကောင်းလာ စေပြီးခေတ်မီလာစေရန်အတွက် ဦးစားပေးဆောင်ရွက်နေပါတယ်၊ဒါမှ မီးရထားလမ်းဟာ ပို့ဆောင်ရေးကဏ္ဍမှာ အရေးပါတဲ့နေရာကနေ ရေရှည် အသုံးတော်ခံလာနိုင်မှာပါ ” ဟု ADB မှ ပို့ဆောင်ရေးစပါယ်ရှယ်လစ်ဖြစ်သူ Adrien Veron-Okamoto က ပြောခဲ့သည်။

၆၀၀ ကီလိုမီတာရှည်လျားသည့် ရန်ကုန်-မန္တလေးမီးရထားလမ်းကို ဂျပန်မှ ယူအက်စစ်ဒေါ်လာ ၂၃၂ သန်းအကုန်အကျခံ ပြန်လည်ပြုပြင်နေသည်။ ပြန်လည်အဆင့်မြှင့်တင်ခြင်းဖြင့် ခရီးသွားကြာချိန်သည် ၂၄ နာရီမှ ၉ နာရီထိ လျော့ချနိုင်မည်ဖြစ်ပြီး ၂၀၂၁-၂၂ ခုနှစ်တွင် အပြီးသတ်မည်ဖြစ်ကာ အများပြည်သူအပို့ဆောင်ရေးကဏ္ဍ၌ နိုင်ငံ၏ အကြီးမားဆုံးအောင်မြင်မှုဖြစ်လာမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်ကပြောကြားခဲ့သည်။

ရန်ကုန်တွင် အများပြည်သူပို့ဆောင်ရေးတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့်စျေးသက်သာမှုရှိစေရန်အတွက် ဆိုင်ကယ်ပေးစီးရန်တောင်းဆိုမှုကို တားမြစ်ထားသည်။

ရန်ကုန်မီးရထားလိုင်းများကို ပြန်လည်ပြင်ဆင်နေ စဉ်တွင် မြို့တော်၏ ဘတ်စ်ကားဝန်ဆောင်မှုများကိုလည်း အဆင့်မြှင့်တင်ပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အစိုးရသည် တရုတ်နိုင်ငံထုတ် ဘတ်စ်ကားအစီး ၁ထောင်ကျော်ကို ဝယ်ယူခဲ့ပြီး ပုဂ္ဂလိကပြေးဆွဲနေသည့်ကားလိုင်းများကို လိုင်း ၇၉ထဲသို့ထည့်ကာ ပြန်လည်စုစည်းခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ခရီးဝေးအပုံမှန်အချိန်ဇယားများရှိလာပြီး မောင်းသူများမှာလည်း သင့်တင့်သည့်လစာများရှိလာသည်။

ရန်ကုန်နှင့်ခြားနားစွာပင် မန္တလေးမြို့သည် ဆိုင်ကယ်အများဆုံးအသုံးပြုသည့်မြို့တော်ဖြစ်ပြီး အရပ်သားများအတွက် အလွန်ပင်ခြားနားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။